DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ပါက တိုင်းပြည်ဒုက္ခလှလှတွေ့မည်ဟု မဲဆွယ်စည်းရုံး
DVB
·
October 12, 2018
ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ပါက တိုင်းပြည်ဒုက္ခလှလှတွေ့မည်ဟု မဲဆွယ်စည်းရုံး
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ကိုမှ မယုံကြည်ရင် တိုင်းပြည်ဒုက္ခလှလှတွေ့မယ်လို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဲဆွယ်စည်းရုံး ပြောကြား လိုက်ပါတယ်။

အောက်တိုဘာ ၉ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီ ကျေးရွာမှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံး စကားပြောရင်း ထဲ့သွင်း ပြောကြားခဲ့တာပါ။

“သူ့ရဲ့ရိုးသားဖြောင့်မတ်မှု ဦးဆောင်မှုကို ယုံကြည်ရမယ်။ မယုံကြည်ရင် တိုင်းပြည်ဒုက္ခ လှလှတွေ့မယ်။ အဲဒါသာ မှတ်ထား။ နည်းမျိုးစုံနဲ့ ထိုးနေတာ။ အနောက်မှာဆို ကုလားနဲ့ထိုးလိုက်၊ ရှေ့မှာဆိုပြည်တွင်းစစ်နဲ့ထိုးလိုက်။ နည်းမျိုးစုံ အနှောင့်အယှက်ပေးနေတာ။ အဲ့ဒါတွေကို သတိထားပြီး အမြင်ကျယ်ကျယ်ကြည့်ကြဖို့လိုတယ်”လို့ ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပါတယ်။

ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ် အမှတ် ၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်ထန်းက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်း ဦးအောင်ထန်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေနဲ့ ချင်းပြည်​နယ်​ ဝန်​ကြီးချုပ်​ ဦးဆလိုင်းလျန်​လွယ်​တို့က အောက်တိုဘာ ၈ရက်နဲ့ ၉ရက်တို့မှာ ပြည်နယ်အတွင်း ကွင်းဆင်း မဲဆွယ်စည်းရုံးပေးနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013