DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း၌ စက်သုံးဆီသုံးစွဲမှု၏ ၇ ရာခိုင်နှုန်းသာထုတ်လုပ်နိုင်
DVB
·
October 12, 2018
ပြည်တွင်း၌ စက်သုံးဆီသုံးစွဲမှု၏ ၇ ရာခိုင်နှုန်းသာထုတ်လုပ်နိုင်
Donate to DVB

မြန်မာပြည်တွင်းမှာ စက်သုံးဆီသုံးစွဲမှုရဲ့ ၇ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်သေးတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တစ်လကို ဓါတ်ဆီ ဂါလံပေါင်း သန်း ၄၀လောက်နဲ့ ဒီဇယ် ဂါလံ ပေါင်း သန်း ၇၀ လောက် သုံးစွဲနေတာဖြစ်ပြီး အများစုက ပြည်ပကနေ၀ယ်ယူ တင်သွင်းနေရတာ ဖြစ်ပါတယ်။

ပြည်တွင်းစက်သုံးဆီ ဈေးကွက်ထဲကို စင်္ကာပူနိုင်ငံကနေ ၈၀ ရာခိုင်နှုန်းကျော်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတွေဆီက ၆ ရာခိုင်နှုန်းလောက်ကို ၀ယ်ယူနေရတာလို့ သိရပါတယ်။

ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က “ကျနော်တို့ နိုင်ငံရဲ့ ထုတ်လုပ်နိုင်တဲ့ ပမာဏသည် ပြည်တွင်းသုံးစွဲမှုရဲ့ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အများစုက ပြည်ပက တင်သွင်းပြီးတော့ ဖြန့်ဖြူးရောင်းချရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကိုယ်ထုတ်ထားတဲ့ဆီ၊ ရှိနေတဲ့ဆီကို တတ်နိုင်သမျှ ရအောင် ရောင်းပေး နေတာဖြစ်ပါတယ်။ ကျနော်တို့လက်ထဲမှာရှိတဲ့ ဆီကို ဈေးကွက်ထဲ Eject လုပ်တာပေါ့”လို့ပြောပါတယ်။

စက်သုံးဆီတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ အဓိက စင်္ကာပူနိုင်ငံကနေ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချနေရပြီး စင်္ကာပူဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်နေတာကြောင့်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာမြင့်တက်နေတာလို့ ဆိုပါတယ်။

မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းက ဦးဆောင် ညွှန်ကြားရေးမှူးဦးအောင်မြင့်က “ကျနော်တို့ ဈေးကွက်မှာ ကမ္ဘာ့ဈေးနှုန်းတက်လာတဲ့ အချိန်မှာ ဒီဇယ်၊ ဓါတ်ဆီဈေးကလည်း မြန်မာနိုင်ငံမှာ အဲ့ဒီ သက်ရောက်မှုကြောင့်ဈေးနှုန်းတက်လာပါတယ်။ ဈေးနှုန်းကို အထိုက်အလျောက် ကုစားနိုင် အောင်ဈေးကွက်ထဲကို ပုံမှန်နှုန်းထားနဲပ ဓါတ်ဆီကို ဖြန့်ဖြူးနေပါတယ်။ တစ်ကြိမ်ကို ဂါလံ သုံးသန်းနဲ့ လေးကြိမ်ဖြန့်ဖြူးပြီးပါပြီ”လို့ ပြောပါတယ်။

စင်္ကာပူနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်း (MOPS) ဟာဆိုရင် 92 တစ်စည်ကို စက်တင်ဘာလ ကုန်ပိုင်းက ၈၉ ဒသမ ၉၃ ဒေါ်လာ၊ အောက်တိုဘာ ၁ ရက်နေ့မှာ ၈၉ ဒသမ ၅၂ ဒေါ်လာ၊ ရှိရာက အောက်တိုဘာ ၉ ရက်နေ့မှာ ၈၉ ဒသမ ၈၃ ဒေါ်လာ ဈေးကွက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇယ်ဈေးနှုန်းတွေဟာလဲ တစ်စည်ကို စက်တင်ဘာလကုန်ပိုင်းမှာ ၉၆ ဒသမ ၂၃ ဒေါ်လာရှိရာက  အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ၉၇ ဒသမ ၃၃ ဒေါ်လာနဲ့ ဈေးကွက်ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီဈေးနှုန်းတွေဟာဆို အောက်တိုဘာလကုန်ပိုင်းကတည်းက တက်သွားတဲ့ ဈေးနှုန်းတွေဖြစ်ပြီး ပြန်လည်ကျဆင်းလာတာမျိုးမရှိသေးပဲ အမြင့်ဈေးနဲ့ပဲ ဈေးကွက်ဖြစ်ပေါ် နေတာလို့ သိရပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013