DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်ရွှေ့၊ အပစ်ရပ်အဖွဲ့အားလုံး တက်မည်
DVB
·
October 11, 2018
ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်ရွှေ့၊ အပစ်ရပ်အဖွဲ့အားလုံး တက်မည်
Donate to DVB

လာမယ့် အောက်တိုဘာ ၁၅ ရက် ပုပ္ပားမှာကျင်းပဖို့ အစိုးရကစီစဉ်ထားတဲ့ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်မှာ ပြောင်းရွှေ့ကျင်းပမှာဖြစ်ပြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အားလုံး တက်ရောက်မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက် ၂ ရက်တာ ကျင်းပပြီး အခုလို ထုတ်ပြန်လိုက်တာပါ။

ပုပ္ပားမှာ ကျင်းပမယ်ဆိုရင် သွားလာရေးအတွက် အခက်အခဲရှိတာကြောင့် အားလုံး အဆင်ပြေအောင် နေပြည်တော်ကို ရွေးချယ်လိုက်တာလို့ NCA-S EAO UPDJC အဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

“ပထမတုန်းက အစိုးရကတော့ ပုပ္ပါးမှာလုပ်မယ်လို့ စီစဉ်ထားတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အီးအေအိုဘက်က ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးကြတော့ ပုပ္ပါးကျရင် နည်းနည်း အဆင်ပြေဘူး။ တခြားနေရာမှာဆိုရင် အဆင်ပြေနိုင်မယ်ဆိုပြီး နောက်ဆုံးညှိကြတော့ နေပြည်တော်ပဲ ပြန်ဖြစ်သွားတာဖြစ်ပါတယ်။ ပုပ္ပါးမှာကျတော့ ပြင်ဆင်ရေးအဖွဲ့တွေကသာ သဘောထား စုစည်းချက်တွေနဲ့ပဲ ယူတာကို၊ ကျနော်တို့ဘက်က လုပ်မယ်လို့ မဆုံးဖြတ်ရသေးဘူး။ အဲဒါကြောင့်ပါ။ ဒီလို အကြိတ်အနယ်ဆွေးနွေးပြီးတော့  ဟိုမှာကျတော့ နည်းနည်းအလှမ်းလည်းဝေးတယ်။ သွားလာရတာ အဆင်မပြေဘူး။ အဆင်ပြေတဲ့နေရာမှာ လုပ်ဖို့ဆိုတဲ့အနေနဲ့ နေပြည်တော်ကို ပြန်ရွေးချယ်ကြတာဖြစ်ပါတယ်။”

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေ အားတွေကို ကျော်လွှားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။

လာမယ့်ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေသာ တက်ရောက်မှာဖြစ်ပြီး အားလုံး စုစုစည်းစည်းသွားကြ မယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

“ကျနော်တို့ 10+10 ကိစ္စကို PPST အနေနဲ့ အားလုံးစုစုစည်းစည်းနဲ့ သွားကြမယ်။ ထိသီးခေါင်းဆောင်တွေကိုယ်တိုင်သွားကြမယ်။ နောက်ပြီး အခုနက နေရာရွေးချယ်မှုရော၊ နောက်ပြီး ဆွေးနွေးမယ့် အစီစဉ်တွေလည်း ကျနော်တို့ ညှိနှိုင်ခဲ့ပါတယ်။ အဓိကကတော့ ကျနော်တို့ အားလုံးလိုလားတောင်းတနေတဲ့ ဖက်ဒရယ်မူပေါ့။ အဓိကအဲဒါ ပါပဲ။ ”

ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ထောက်ခံပေမယ့် ပိုကောင်းတဲ့ ရလဒ်တွေရဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမယ့်ရက်ကို ပြန်ပြီးညှိနှိုင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၂ ရက်တာ ပြန်လည်ညှိနှိုင်းနွေးရာမှာ လာမယ့် ၁၅ ရက်နေ့ ကျင်းပမယ့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အားလုံး သဘောတူခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ နေပြည်တော်ရွှေ့၊ အပစ်ရပ်အဖွဲ့အားလုံး တက်မည်