DVB Logo
Home
မြန်မာသတင်း
ပြည်သူအကျိုးပြု အမျိုးသားမြေဥပဒေ ရေးဆွဲနိုင်ရန် ကြိုးပမ်းနေဟု ဒုသမ္မတ ပြော
DVB
·
October 11, 2018
ပြည်သူအကျိုးပြု အမျိုးသားမြေဥပဒေ ရေးဆွဲနိုင်ရန် ကြိုးပမ်းနေဟု ဒုသမ္မတ ပြော
Donate to DVB

ပြည်သူလူထုကို အကျိုးပြုနိုင်မယ့် အမျိုးသားမြေဥပဒေတရပ် ရေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်း၊ အမ်းမြို့ ရွှေအမ်းတောင် ခန်းမမှာ ကျင်းပတဲ့ အမ်းမြို့နယ်ထဲက လယ်ယာမြေ ၃၀၀ ကျော်ကို မူလပိုင်ရှင် လယ်သမားတွေထံ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားမှာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယသမ္မတ (၂) ဟင်နရီဗန်ထီးယူက ပြောကြားလိုက်တာပါ။

"အမျိုးသား မြေအသုံးချမှုကောင်စီအနေနဲ့လည်းပဲ မြေယာစီမံခန့်ခွဲမှုတွေနဲ့ ဆက်စပ်နေ တဲ့ လက်ရှိ ဥပဒေတွေကို လေ့လာဆန်းစစ်ပြီးတော့မှ ပြည်သူလူထုအများစုကို အကျိုးပြု နိုင်မယ့် အမျိုးသား မြေဥပဒေတရပ်ကို ရေးဆွဲနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်"

တောင်သူလယ်သမားတွေရဲ့ ဘ၀မြှင့်တင်ရေးအတွကို အစိုးရက တောင်သူလယ်သမားတွေနဲ့ အတူပူးပေါင်းလုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းခံရတာနဲ့ပတ်သက်ပြီး ဗဟိုက ပြည်နယ် အဆင့်ကို လွှဲပြောင်းပေးတဲ့ အမှုတွဲပေါင်း ၃၂၂ မှု၊ စုစုပေါင်း မြေဧက သုံးသောင်းကျော်ရှိပြီး အဲ့ဒီအမှုတွဲတွေကို ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ စီစစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီထဲကမှ အစိုးရဟောင်းလက်ထက်မှာ မြေဧက ၂၉၀ ကျော်ကို ပြန်လည်ပေးအပ်နိုင်ခဲ့ပြီး အခုအစိုးရလက်ထက်မှာ အမှုတွဲ ၃၂ မှုက မြေဧက ၂၀၀၀ ကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အခမ်းအနားမှာ ရှင်းလင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုတိယသမ္မတရဲ့ခရီးစဉ်နဲ့ ကိုက်ညီအောင် အချိန်မီဆောင်ရွက်ရတဲ့အတွက် လယ်ယာမြေပုံစံ(၃) ယာယီလုပ်ပိုင်ခွင့်လက်မှတ်ကိုသာ ပေးအပ်နိုင်ပေမယ့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ကို မကြာခင်ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လည်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်တဲ့ မြေကတော့ ၁၉၉၈ ခုနှစ်အတွင်း ခမရ (၃၇၃)က သိမ်းဆည်းထားခဲ့တဲ့ ကျောက်မြောင်းအုပ်စု၊ လင်ဗန်းကျကျေးရွာက မြေဧက ၃၀၀.၁၈ ဧကဖြစ်ပြီး တောင်သူလယ်သမား ၄၁ ဦးကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဒီကနေ့ အခမ်းအနားမှာ တောင်သူကိုယ်စားလှယ်အချို့ တက်ရောက်ခွင့်ရခဲ့ပေမယ့် ဒုတိယသမ္မတကို အတီးအမှုတ်တွေနဲ့ ကြိုဆိုဖို့စီစဉ်ထားတဲ့ မြေသိမ်းခံတောင်သူ လယ်သမား တွေ ကြိုဆိုခွင့်မရခဲ့သလို လယ်သမား နှစ်ရာကျော် အခမ်းအနား တက်ရောက်ခွင့်မရတဲ့အတွက် ခန်းမအပြင်ဘက်လမ်းမမှာ စုဝေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013