DVB Logo
Home
မြန်မာသတင်း
ကုန်ပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များအား ပြည်တွင်း/ပြည်ပကုမ္ပဏီများ စိတ်ဝင်စားနေ
DVB
·
August 19, 2012
ကုန်ပိုင်းနှင့်ကမ်းလွန်လုပ်ကွက်များအား ပြည်တွင်း/ပြည်ပကုမ္ပဏီများ စိတ်ဝင်စားနေ
1 / 2
Donate to DVB

မြန်မာ့ပိုင်နက်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းတွေအတွက် အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကုမ္ပဏီအမြောက်အများ လာရောက် ဆွေးနွေးနေကြတယ်လို့ စွမ်းအင် ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကုန်းပိုင်းလုပ်ကွက်တွေမှာ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်က လည်း လာ‌ရောက်ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

[caption id="attachment_29432" align="alignleft" width="198" caption="ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်းခွင် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

 

ကုန်းပိုင်းလုပ်ကွက်တွေအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူဖို့ရှိပြီး တင်ဒါခေါ်ဆိုပါက နေ့စဉ်ထုတ် သတင်းစာတွေကသာမကဘဲ စွမ်းအင်ဝန်ကြီးဌာန ဆိုင်ရာ ၀က်ဘ်ဆိုဒ်နဲ့ ဘလော့တွေထဲမှာလည်း ထည့်သွင်းကြေညာသွားမယ်လို့ ဒီလဆန်းပိုင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တွေ့ရှိတဲ့သယံဇာတတွေကို ဒေသခံအပါအ၀င် ပြည်သူတရပ်လုံး အကျိုးရှိ ထိရောက်ဆုံး သုံးစွဲမှု ဖြစ်စေရေး မူဝါဒ ကိုင်စွဲပြီး လုပ်နေတယ်လို့ ဆိုပါတယ်။  ပြည်ပကုမ္ပဏီတွေအနေနဲ့ ကုန်းပိုင်းနဲ့ကမ်းလွန် လုပ်ကွက် ၂ ခုစလုံးကို စိတ်ဝင်တစား လာမေးနေကြတယ်လို့ ရေးထားပါတယ်။

ရတနာနဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကနေ မြန်မာဘက်ကရရှိတဲ့ ဝင်ငွေတွေကတော့ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၁၇၄ ဘီလီယံခန့်၊  ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၄၄၈ ဘီလီယံခန့်၊  ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၈၄၃ ဘီလီယံခန့်၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် မှာ အမေရိကန်ဒေါ်လာ ၂.၆၀၃ ဘီလီယံခန့်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၉၃၄ ဘီလီယံခန့်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃.၆၁၁ ဘီလီယံခန့် အသီးသီး ရရှိခဲ့ပါတယ်လို့  စွမ်းအင်ဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်လုပ်မယ့် ရွှေ၊ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွေကလည်း ၀င်ငွေတွေအပြင် ပြည်တွင်းသုံးစွဲဖို့ သဘာဝဓာတ်ငွေ့တွေ ရရှိဦးမှာ ဖြစ်တယ်။

အရင်တုန်းက သဘာဝဓာတ်ငွေ့တွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းခဲ့ရတာဟာ အဲဒီအချိန်တုန်းက ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက် မရှိသေးတာကတကြောင်း၊ နိုင်ငံနဲ့ ပြည်သူတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေးဖို့ နိုင်ငံခြားငွေလိုအပ်တာတကြောင်းတို့ကြောင့် ပြည်ပ ကို ရောင်းချခဲ့ရ တာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ရှင်းထားပါတယ်။

အခုနောက်ပိုင်း တွေ့ရှိသမျှ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ ဦးစားပေး သုံးစွဲသွားမှာဖြစ်လို့ ပြည်ပကိုရောင်းချတော့မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ပြည်တွင်းသုံးစွဲလို့ ဖူလုံ ပြည့်စုံနေပြီဆိုရင်တော့ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added Products)တွေ ထုတ်လုပ်သွား မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013