DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး သစ်ပင်ဝင်တိုက်၊ ၁၅ ဦး ဒဏ်ရာရ
DVB
·
October 11, 2018
မြင်းမူမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး သစ်ပင်ဝင်တိုက်၊ ၁၅ ဦး ဒဏ်ရာရ
Donate to DVB

မြင်းမူမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီး သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာကြောင့်  ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စိုင်းလင်းဝေ မောင်းနှင်ပြီး ခရီးသည် ၄ဝ လိုက်ပါလာတဲ့ ရွှေစင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ဟာ အောက်တိုဘာ ၁ဝ ရက်နေ့ ည ၁ဝ နာရီလောက်က မြင်းမူမြို့၊ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင် (၄၆/၅) မြို့ရှောင်လမ်းဆုံမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦး မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ပြီး မြင်းမူ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ယာဉ်မောင်း စိုင်းလင်းဝေအား မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်း စိုင်းလင်းဝေအား မြင်းမူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ /၂၇၉ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု) တို့နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013