DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်သဖြင့် လူ ၂ ဦးသေဆုံး
DVB
·
October 11, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးကြိုးပစ်သဖြင့် လူ ၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ မိုးကြိုပစ်လို့ လူ ၂ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ မနက်  ၄ နာရီ ၁၅ မိနစ်အချိန် သုံးခွမြို့နယ်၊ ထွန်းစိန် ကျေးရွာနေ ဦးဇော်ဌေး (၄၀) နှစ်ဟာ ပင်လယ်ကမ်းစပ်မှာ ငါးဖမ်းထွက်ဖို့ ပြင်ဆင်နေစဉ် မိုးကြိုး ပစ်တဲ့အတွက် ဝဲချိုစောင်း၊ နဖူး၊ နားသွေးထွက်၊ လက်ပြင်၊ ဝမ်းဗိုက်ညိုမည်း ပွန်းပဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

ညနေ ၃ နာရီအချိန်မှာလည်း ကွမ်းခြံကုန်းမြို့နယ်၊ တော်လန်းကျေးရွာနေ ဒေါ်ညို (၆၄) နှစ်ဟာ သူနေအိမ်မှာထိုင်နေစဉ် မိုးကြိုးပစ်တဲ့အတွက် နဖူး၊ ဝဲပါးညိုမည်း ဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒေါ်ညိုကို ဒရယ်လူးတိုက်နယ်ဆေးရုံနဲ့ ဦးဇော်ဌေးကိုလည်း သုံးခွဆေးရုံတွေကို အသီးသီးပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွေက သေမှုသေခင်းအမှတ်စဉ် (၂၄/၂၀၁၈)နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013