DVB Logo
Home
မြန်မာသတင်း
ပလတ်စတစ်အိတ် သုံးစွဲမှု လျှော့ချရန် ကွမ်းယာရောင်းသူများကို ​ခေါ်ယူသတိ​ပေး
DVB
·
October 11, 2018
ပလတ်စတစ်အိတ် သုံးစွဲမှု လျှော့ချရန် ကွမ်းယာရောင်းသူများကို ​ခေါ်ယူသတိ​ပေး
Donate to DVB

မကွေးတိုင်းဒေသကြီး ​ချောက်​မြို့ စည်ပင်သာယာရေးအဖွဲ့ဟာ အောက်တိုဘာလက စတင်ပြီး ပလတ်စတစ်အိတ် သုံးစွဲမှု လျော့ချဖို့ ကမ်းယာဆိုင်​ပိုင်​ရှင်​တွေကို ​ခေါ်ယူအသိ​ပေးတာတွေ ​ဆောင်​ရွက်​​နေတယ်​လို့ ချောက်မြို့ စည်ပင်ပင်သာယာရေးအဖွဲ့က ပြောပါတယ်။

“ပတ်ဝန်းကျင် သန့်ရှင်းစေရန်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အိတ် လျော့ချသုံးစွဲရေး ရည်ရွယ်ပြီး ကွမ်းယာဆိုင်များ အသုံးပြုနေတဲ့ ကွမ်းယာများ ထုတ်ပိုးတဲ့ ပလတ်စတစ်အစား အခြားထုတ်ပိုးမှု စက္ကူဖက်ရွက်၊ နောက်ပြီး တချို့ ကားသမားတွေဆိုရင် ကွမ်းယာထည့်တဲ့ သံဘူးမျိုးတွေနဲ့ အစားထိုးအသုံးပြုဖို့ တိုင်းစည်ပင်သာယာအဖွဲ့က ပလတ်စတစ်အိပ်အစား အခြားပြောင်းသုံးဖို့ ညွှန်ကြားထားတယ်” လို့ ချောက်မြို့ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။

လမ်းမတွေပေါ် အများဆုံးတွေ့ရှိရတဲ့ ပလတ်စတစ်အမှိုက်အများစုဟာ ကွမ်းယာထုတ် ပလတ်စတစ်အိတ်တွေဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်နဲ့ သားငါးဆိုင်တွေကိုပါ ပလတ်စတစ်သုံးစွဲမှုလျှော့ချဖို့ တိုက်တွန်းလှုပ်ဆောင်သွား မယ်လို့ ​ပြောပါတယ်​။

“အစပိုင်းတော့ ပလတ်စတစ် လျော့ချလို့ မရဘူးထင်တယ်။ ကွမ်းယာက စက္ကူနဲ့ ထုတ်ရင် နှပ်ဆေးရည်တို့က စက္ကူနဲ့ ထုတ်ရတာ အဆင်မပြေဘူး။ စက္ကူနဲ့ ထုတ်ရင် စားလို့ သိပ်မကောင်းဘူး။ ကွမ်းစားသူတွေ နားလည်အောင် တဖြည်းဖြည်း သံဘူးလေးတွေ ဆောင်ခဲ့ဖို့ မှာရမှာပဲ” လို့ ကွမ်းရောင်းသူတဦးက ပြောပါတယ်​။

မ​ကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်​လုံး တိုင်း​ဒေသကြီးအစိုးရ ညွှန်ကြားချက်အရ ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမမှာ ကွမ်းယာဆိုင် ၆၀ ကျော်က ဆိုင်ရှင်တွေကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ခေါ်ယူဆွေးနွေး အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013