DVB Logo
Home
မြန်မာသတင်း
ဟောလ၀င်းမြင်ကွင်းများနှင့် ချောက်ခြားဖွယ်ကြည့်ရှုရမည့် ရုပ်ရှင်- Goosebumps 2:Haunted Halloween(နမူနာ)
DVB
·
October 11, 2018
ဟောလ၀င်းမြင်ကွင်းများနှင့် ချောက်ခြားဖွယ်ကြည့်ရှုရမည့် ရုပ်ရှင်- Goosebumps 2:Haunted Halloween(နမူနာ)
Donate to DVB

လာမယ့် Halloween Season အမီ ရုံတင်ပြသတော့မယ့် ဇာတ်ကားတကား ဖြစ်တဲ့ Goosebumps 2:Haunted Halloween ဟာ စွန့်စားမှုအသားပေး ထိတ်လန့် ကြောက်မက်ဖွယ်ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကားပါ။

ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Sony Pictures က တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ari Sandel က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားဟာ အုပ်ရေ သန်း ၄၀၀ ကျော် ရောင်းချခဲ့ရတဲ့ အမေရိကန် စာရေးဆရာ R.L. Stine ရဲ့ Children’s Book Series တွေကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Goosebumps ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအဖြစ် ထပ်ပြီး ထွက်ရှိလာခဲ့တာပါ။

မြို့ငယ်လေးတမြို့ရဲ့ Halloween ညတညကို အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီကားထဲမှာ Sonny နဲ့ Sam ဆိုတဲ့ ကောင်လေး ၂ ယောက်ဟာ စွန့်ပစ်ထားတဲ့ အိမ်ကြီး တအိမ်ထဲက ထူးဆန်းတဲ့ လက်ရေးမူစာအုပ်တအုပ်ကို တွေ့ရှိချိန်မှာ အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတော့တယ်။

အဲဒီအချိန်မှာ စာအုပ်ထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးတွေ၊ စုန်းတွေနဲ့ သတ္တ၀ါဆန်းတွေနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။ အရာရာကို ဖျက်ဆီးကြမယ့် ဒီမကောင်းဆိုးဝါးတွေကို ဘယ်လိုတားဆီးကြမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို Halloween Theme တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ အတူ ဒီကားထဲမှာ ရှုစားကြရမှာပါ။

ဒီကားထဲမှာ အမေရိကန်သရုပ်ဆောင် မင်းသမီး Wendi McLendon-Covey, Madison Iseman တို့နဲ့အတူ ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Caleel Harris, Jeremy Ray Taylor တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး သရုပ်ဆောင်မင်းသား Jack Black ကတော့ အသံနဲ့ ပါဝင်အားဖြည့် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင် ကားကို Boxoffice မှာတော့ ရုံတင်မယ့် ပထမ သီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၇ သန်းနဲ့ ၂၂ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကို ကလေးငယ်တွေအတွက် မိဘအုပ် ထိန်းသူနဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013