DVB Logo
Home
မြန်မာသတင်း
အလဲဗင်းရေးသားချက် အစိုးရကို ပြည်သူအကြည်ညိုပျက်စေသဖြင့် တရားစွဲဟု ထုတ်ပြန်
DVB
·
October 11, 2018
အလဲဗင်းရေးသားချက် အစိုးရကို ပြည်သူအကြည်ညိုပျက်စေသဖြင့် တရားစွဲဟု ထုတ်ပြန်
Donate to DVB

အဲလဗင်းဆောင်းပါးရှင်ရဲ့ ရေးသားဖော်ပြချက်ဟာ အစိုးရကို ပြည်သူက အကြည်ညို ပျက်ပြီး အယုံအကြည်မဲ့စေကာ ပြစ်မှုကျုးလွန်လာအောင် ပြုလုပ်တာဖြစ်လို့ တရားစွဲတာ ဖြစ်ကြောင်း တိုင်းအစိုးရက သတင်း ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်မှာ ရန်ကုန်တိုင်းအစိုးရက အလဲဗင်းဂျာနယ် အယ်ဒီတာချုပ် အပါအ၀င် ၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲလိုက်ပြီးတဲ့နောက် တိုင်းအစိုးရဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ထွက်ပေါ်လာတဲ့ တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆောင်းပါးရှင်ဖြိုးဝေ ရေးထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆိုတဲ့ ဆောင်းပါးမှာ ပြည်သူ့ဘဏ္ဍာသုံးထားပြီး လူနာမည်ပေါက်ရှယ်ယာဝင်ထားတာဟာ လုပ်ထုံးလုပ်နည်းအရ လွဲမှားတယ်ဆိုပြီး မမှန်မကန်ရေးသားဖော်ပြခဲ့တာကြောင့် အလဲဗင်းဂျာနယ်ကို တရားစွဲတာလို့ တိုင်းအစိုးရက ဆိုထားပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းအစိုးရအဖွဲ့ ကိုယ်စားပြုအဖြစ် Yangon Metropolitan Development ကုမ္ပဏီမှာ ပါဝင်ထားတာဖြစ်ပြီး အလဲဗင်းဆောင်း ပါးရှင်ရေးသလို ပြည်သူ့ငွေနဲ့ လူနာမည်ပေါက် ရှယ်ယာဝင်ထားတာ မဟုတ်ဘူးလို့လည်း တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။

အလဲဗင်းဆောင်းပါးရှင်ရဲ့ ဂျာနယ်မှာ မမှန်မကန်ရေးသားဖော်ပြမှုကြောင့် တိုင်းအစိုးရနဲ့ ပူးပေါင်းပြီး အစုထည့်ဝင်ထားတဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ အစုရှယ်ယာရှင်တွေဟာ စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်။

အများပြည်သူက ကုမ္ပဏီနဲ့ တိုင်းအစိုးရကို အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေကာ အများပြည်သူက အစိုးရကို ပြစ်မှုကျုးလွန်လာအောင် ပြုလုပ်တာဖြစ်လို့ အလဲဗင်းဂျာနယ်ကို တရားစွဲတာလို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။

အလဲဗင်းမီဒီယာ အယ်ဒီတာချုပ်  ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ ကိုဖြိုးဝေဝင်းတို့ ၃ ယောက်ကို တိုင်းအစိုးရက နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်​မ ၅၀၅(ခ) နဲ့အမှုဖွင့်​တရားစွဲဆိုထားပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကလည်း ဂျာနယ်စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ကို တရားစွဲဆို ဖမ်းဆီးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013