DVB Logo
Home
မြန်မာသတင်း
ကနီတွင် စိမ့်ရေကြောင့် လယ်ဧက ၅၀၀ ခန့် စိုက်ပျိုးမရ၍ တောင်သူများအခက်ကြုံ
DVB
·
October 11, 2018
ကနီတွင် စိမ့်ရေကြောင့် လယ်ဧက ၅၀၀ ခန့် စိုက်ပျိုးမရ၍ တောင်သူများအခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အုမ္မကျေးရွာအုပ်စု ငုတ်ချောင်း ကျေးရွာမှာ စိမ့်ရေတွေကြောင့် လယ်ယာမြေဧက ၅၀၀ ခန့်ဟာ စိုက်ပျိုးလို့မရပဲ ဒေသခံ တောင်သူတွေက နှစ်ပေါင်းများစွာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရွှေတူးဖော်ခြင်းလုပ်ငန်းတွေကြောင့် ရေမြောင်းတွေပိတ်ပြီး စိမ့်ရေတွေဟာ ထွက်ပေါက် မရှိဘဲ တည်ရှိနေတဲ့အတွက် စိုက်ပျိုးမရဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စိမ့်ရေတွေဟာ နွေ-မိုး-ဆောင်း သုံးရာသီစလုံး တည်ရှိနေတာဖြစ်ပြီး မိုးရာသီနဲ့ ဆောင်း ရာသီတွေမှာ ပိုများတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေနစ်ဧရိယာက များပြားလွန်းတဲ့အတွက် စိမ့်ရေထွက်ပေါက်ကို ကိုယ်ထူကိုယ်ထ ဖောက်လုပ်ဖို့ မတတ်နိုင်တဲ့အတွက် နိုင်ငံတော်အနေနဲ့ ကူညီပေးဖို့ ဒေသခံတွေက လိုလားနေ  ပါတယ်။

လက်ရှိမှာ စိုက်ပျိုးလို့ရတဲ့မြေဧက အနည်းကျဉ်းသာရှိပြီး အဲဒီနေရာတွေကလည်း ခက်ခက်ခဲခဲနဲ့ လုပ်ကိုင်နေကြရတဲ့အပြင် သီးနှံထွက်နှုန်းလည်း မကောင်းဘူးလို့ တောင်သူတွေ က ပြောပါတယ်။

ငုတ်ချောင်းကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ဒုတိယအကြိမ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ကနီမြို့နယ် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ငုတ်ချောင်းစိမ့်ရေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနကိုမေးမြန်းတဲ့အခါ အဆင်ပြေမယ့် ဘက်ဂျက်မှာ ထည့်သွင်းဆောင်ရွက်ပေးမယ့်အကြောင်း ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013