DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးမူ ၆ ချက် အသေစွဲကိုင်ထားသမျှ ငြိမ်းချမ်းရေးကြန့်ကြာဦးမည်ဟု IKO ပြော
DVB
·
October 11, 2018
ငြိမ်းချမ်းရေးမူ ၆ ချက် အသေစွဲကိုင်ထားသမျှ ငြိမ်းချမ်းရေးကြန့်ကြာဦးမည်ဟု IKO ပြော
Donate to DVB

တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို အသေစွဲကိုင်သမျှကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေး ခရီးဆက်ဖို့ ကြန့်ကြာနေဦးမယ်လို့ နိုင်ငံတကာကရင်အဖွဲ့ (IKO) က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး မြန်မာ ငြိမ်းချမ်းရေးခရီးစဉ် နောက်ကြောင်းပြန်လှည့်နိုင်တဲ့အလားအလားရှိနေတယ်လို့  အိုင်ကေအို ပြောခွင့်ရသူ မန်းအောင်လန်ဒိုက ပြောပါတယ်။

“တပ်မတော် အချက် ၆ ချက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် နောက်ဆုံးမှာ လက်နက်ကိုင် တခုတည်းဖြစ်ရေးဆိုပြီးတော့ ဆုံးသွားမှာပဲလေ။ ပထမကတော့ စစ်တပ်မတိုးချဲ့ရဘူး။ ပြည်သူ လူထုအပေါ် အခွန်မကောက်ရဘူး။ စသည်ဖြင့်ပေါ့နော်။ အဲဒီအချက် ၆ ချက်ကို ပြန်ကြည့်မယ် ဆိုရင် တိုင်းရင်းသားတွေအတွက် ဘာမှ လှုပ်လို့မရတော့ဘူး။  ကေအန်ယူဆိုရင် ငြိမ်းချမ်းရေး မှာ အတက်ကြွဆုံးအဖွဲ့လို့ အစိုးရကတောင် ချီးမွမ်းခန်းထုတ်တဲ့အဖွဲ့မှာ တိုက်ပွဲတွေ ဖြစ်နေရတယ်။ တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ လမ်းဖောက်တယ်။ ဒါက နယ်မြေစိုးမိုးရေးလုပ်နေတာပဲ။ တကယ့် ငြိမ်းချမ်းရေးကို လုပ်နေတာမှ မဟုတ်ဘဲ။ တကယ် တိုင်းရင်းသားတော်လှန်ရေးတွေရှိတဲ့ နယ်မြေတွေကို စိုးမိုးနိုင်ဖို့အတွက် ဒီအန်စီအေကို လုပ်တာပဲလို့ ကျနော်တို့မြင်တယ်။  နောက် ၂၀၀၈ ဥပဒေရဲ့ လုပ်ပိုင်ခွင့်ကိုကိုင်ပြီးတော့ အသေကိုင်နေသမျှ ကာလပတ်လုံးက ဘယ်လိုမှ တိုင်းရင်းသားတွေ လိုလားတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်။”

ဒါ့အပြင် လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အန်စီအေလက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်တွေ့ဆုံဆွေးနွေးပွဲကို ပုပ္ပားမှာ ပြုလုပ်ဖို့ရှိပြီး ဒါဟာ နိုင်ငံတကာဖိအားလျော့ချရေး အတွက် အသုံးချနိုင်တာလို့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တချို့ကို အိုင်စီစီ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တရားစွဲတင်နိုင်ရေး ကြိုးပမ်းနေတဲ့ကာလဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ဝေဖန်ရှုတ်ချနေတဲ့အချိန်ကာလည်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက် ပုပ္ပါးမှာ ကျင်းပယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ထောက်ခံပေမယ့် ပိုကောင်းတဲ့ ရလဒ်တွေရဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမယ့်ရက်ကို ပြန်ပြီး ညှိနှိုင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013