DVB Logo
Home
မြန်မာသတင်း
ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးသူ ၆၅၀၀၀ ခန့်ရှိ
DVB
·
October 11, 2018
ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးသူ ၆၅၀၀၀ ခန့်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကွမ်းယာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲတာကနေ ဖြစ်ပွားတဲ့ ရောဂါတွေနဲ့  သေဆုံးသူ နှစ်စဉ် ၆၅၀၀၀ ဦးခန့်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

နေပြည်တော်ရှိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ အောက်တိုဘာ ၁၀ ရက်က  ကျင်းပတဲ့ ကွမ်းယာနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အတွက် မီဒီယာကတဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ကွမ်းယာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲတာကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါ အမျိုးမျိုး၊ နှလုံးနဲ့ သွေးကြောရောဂါတွေ အပါအဝင် မကူးစက်တတ်တဲ့ ရောဂါများဖြစ်ပွားမှု တွေကြောင့် အချိန်မတိုင်မီ သေဆုံးမှု  များပြားလျက်ရှိတယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ (၂၀၁၈) ခုနှစ် ခန့်မှန်းတွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ ကွမ်းယာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ သုံးစွဲရာကနေ ဖြစ်ပွားတဲ့ ရောဂါတွေနဲ့ သေဆုံးသူ နှစ်စဉ် (၆၅၀၀၀) ဦးခန့်ရှိတယ်။”

ဒါ့အပြင် ၀န်ကြီးက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ မျှော်မှန်း လူ့သက်တမ်းဟာ အမျိုးသား (၆၃ ဒသမ ၉) နှစ်၊ အမျိုးသမီး  (၆၉ ဒသမ ၉) နှစ်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျနေပြီး ဒီလိုနိမ့်ကျနေရတာဟာ ကွမ်းယာ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားပြီး သေဆုံးမှုတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။

ကွမ်းယာနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာကတဆင့် လူထုလှုံ့ဆော်လှုပ်ရှားမှုအနေနဲ့ ကွမ်းယာနဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းများသုံးစွဲမှု ရှောင်ကြည်ကြဖို့ တိုက်တွန်း နှိုးဆော်ချက်တွေကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်နဲ့ ဆိုရှယ်မီဒီယာတွေကတဆင့် ပြုလုပ်သွားမယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013