DVB Logo
Home
မြန်မာသတင်း
အကြွေးရောင်းသည့် တယ်လီဖုန်းဆင်းကတ် သွင်းငွေလျှော့ပေါ့
DVB
·
August 19, 2012
အကြွေးရောင်းသည့် တယ်လီဖုန်းဆင်းကတ် သွင်းငွေလျှော့ပေါ့
Donate to DVB

ဝန်ထမ်းတွေကို တယ်လီဖုန်းဆင်းကတ်အကြွေးရောင်းထားတဲ့အနက် ပေးသွင်းငွေကို မူလပေးသွင်းငွေရဲ့ လေးဆ လျှော့ပေါ့ပေးသွင်းခွင့်ပြုမယ်လို့ မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးက နေပြည်တော်အပါအ၀င် နိုင်ငံတ၀န်းက ၀န်ထမ်းတွေကို GSM နဲ့ WCDMA  ဆင်းကတ်အမျိုးအစား ၂ ခုကို အကြွေးရောင်းပေးခဲ့ပါတယ်။

GSM ဆင်းကတ်ကို ကျပ် ၂ သိန်းနဲ့ ၁ လ ၄ သောင်းသွင်းစေပြီး WCDMA  ဆင်းကတ်ကို ကျပ်၂ သိန်းခွဲနဲ့ ၁ လကို ကျပ် ၅ သောင်း ပေးသွင်းစေတဲ့စနစ်နဲ့ အကြွေးရောင်းခဲ့ပါတယ်။

အဲသလို ပေးသွင်းရာက လက်ကျန်ငွေပေးချေဖို့ ကျန်ရစ်တဲ့ ငွေတွေကို တယ်လီဖုန်းဆင်းကတ်နှစ်မျိုးစလုံးအတွက် လစာ ၁ သိန်းအောက်ရသူတွေက ၁ လကို ကျပ်ငွေ ၁ သောင်းသာ ပေးသွင်းတော့ဖို့နဲ့ လစာ ၁ သိန်း အထက်သမားတွေက ၁ လကို ၁ သောင်းခွဲပေးသွင်းဖို့ လျှော့ပေါ့ပေးလိုက်တာဖြစ်ပါတယ်။ ဒီလျှော့ပေါ့ပေးမှုဟာ ဒီလကုန် လခထုတ်ရက် ၃၁ ရက်မှာ သက်ရောက်မှာဖြစ်ပါတယ်။

တယ်လီဖုန်းဆင်းကတ်တွေရဲ့ တန်ဖိုးဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အခမဲ့ပေးနေတဲ့ စနစ်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းတုန်းကတော တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅ ထောင်နဲ့ ရရစေမယ်လို့  မြန်မာပြည်တွင်းက ကုမ္ပဏီတခုက ထုတ်ဖော်ပြောဆိုပြီး လုပ်ကိုင်ခွင့်တောင်းဆိုခဲ့ပြီးတဲ့နောက် သမ္မတကိုယ်တိုင် အများပြည်သူသုံးစွဲနိုင်အောင် စီစဉ်ကြိုးပမ်းမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီနောက် တယ်လီဖုန်းဆင်းကတ်ဟာ ကာလပေါက်ဈေး ၅ သိန်းကနေ ပြုတ်ကျသွားပြီး ၂ သိန်းအထိ ဈေးလျှော့ရောင်းပေမယ့် ၀ယ်ယူသူ နည်းပါးပြီးတဲ့နောက် ၀န်ထမ်းတွေကို အကြွေးစနစ်နဲ့ ထုတ်ရောင်းလာတာဖြစ်ပါတယ်။
လာမယ့်အောက်တိုဘာလကျရင် တယ်လီဖုန်းဆင်းကတ်ဈေးတွေ ကျဆင်းလိမ့်ဦးမယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ပြန့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013