DVB Logo
Home
မြန်မာသတင်း
ရွာသာကြီးဆေးရုံတွင် အရက်နှင့် မူးယစ်ဆေးသုံးစွဲပြီး စိတ်ဝေဒနာခံစားနေရသူ များပြားနေ
DVB
·
October 10, 2018
ရွာသာကြီးဆေးရုံတွင် အရက်နှင့် မူးယစ်ဆေးသုံးစွဲပြီး စိတ်ဝေဒနာခံစားနေရသူ များပြားနေ
Donate to DVB

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးကို တက်ရောက်ကုသတဲ့လူနာတွေထဲမှာ အရက်နဲ့ မူးယစ်ဆေးသုံးစွဲပြီး စိတ်ဝေဒနာခံစားရတဲ့လူနာတွေက အများဆုံးဖြစ်တယ်လို့ ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီး ကထိက ဒေါက်တာသက်ဇော်က “အခုနှစ် အတွင်းမှာ စိတ်ကျမ်းမာရေးဆေးရုံကြီးကို တက်ရောက်ကုသတဲ့ လူနာတွေမှာ အရင်နှစ်တွေက ထက်ပိုများလာတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီထဲမှာ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခဲ့တာကြောင့် စိတ်ရောဂါဖြစ်ပွားတဲ့ ဝေဒနာတွေအများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ စိတ်ကျစိတ်ကြွမှု တွေကြောင့် ဖြစ်ပွားတဲ့သူများတယ်” လို့ပြောပါတယ်။

ဒီနှစ်တွေထဲမှာ စိတ်ရောခံစားရလို့ ဆေးရုံကိုလာရောက်ပြသတဲ့ လူနာတွေမှာ  ဆယ်ကျော်သက်လူငယ်တွေလည်း များလာတယ်လို့ ဆိုပါတယ်။

စိတ်ရောဂါဝေဒနာရှင်တွေကို ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး၊ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီးနဲ့  ပြည်နယ်တိုင်းဒေသကြီးတွေမှာလည်း ကုသပေးနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ -၁၇ ခုနှစ်အတွင်းမှာ ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီးကို တက်ရောက်ကုသတဲ့ စိတ်ရောဂါဝေဒနာရှင်ပေါင်း ၂၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ စိတ်ကျန်းမာရေးဆေးရုံကြီးရဲ့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်က ပြောပါတယ်။

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)မှာ နေ့စဉ်တက်ရောက်ကုသနေတဲ့ လူနာအရေအတွက်က အယောက် ၁၆၀၀ လောက်ရှိနေတာပါ။  

ကထိက ဒေါက်တာသက်ဇော်က “လတ်တလော ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် ၃၅ ယောက်နဲ့ သူနာပြု အယောက် ၇၀ က စိတ်ဝေဒနာရှင်တွေကို ဆေးကုသပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးကို  လူနာတွေကို ကုသပေးဖို့ အစိုးရကချပေးထားတဲ့ ကုတင်က အယောက် ၁၂၀၀ လောက်ပဲ ကုသနိုင်တယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စိတ်ဝေဒနာခံစားနေရတဲ့ လူနာတွေကို ဆေးဝါးကုထုံး စိတ်ကုထုံးနဲ့ လူမှုရေးကုထုံးတွေနဲ့ ကုသပေးနေတာပါ။

မြန်မာနိုင်ငံအနေနဲ့ ကျွမ်းကျင်တဲ့ ဆရာဝန် နည်းပါးတာကြောင့်  ပြည်ပနိုင်ငံတွေမှာလို ဆေးရုံဆင်းသွားတဲ့ ရောဂါဝေဒနာတွေကို ဆက်ပြီး ကုသပေးဖို့ ဆရာဝန်လိုအပ်ချက်တွေလည်း ရှိနေတာကြောင့်  စိတ်ဝေဒနာရောဂါ ပြန်ဖြစ်တဲ့နှုန်းလည်း များတယ်လို့ဆိုပါတယ်။

တနိုင်ငံလုံးမှာတော့  စိတ်ရောဂါဝေဒနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ တပ်မတော်ဘက်မှာ အယောက် ၅၀၊ အရပ်ဘက်မှာ အယောက် ၁၅၀ မှာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်က အယောက် ၅၀ နဲ့ တနိုင်ငံလုံးမှာတော့ စိတ်ရောဂါကုဆရာဝန် အရေအတွက် အယောက် ၂၀၀ လောက်ရှိတယ်လို့ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013