DVB Logo
Home
မြန်မာသတင်း
၅ နှစ်သားပါရမီရှင်ကလေးရဲ့ ပဲ့ကိုင်ရှင်-The Kindergarten Teacher ရုပ်ရှင်(နမူနာ)
DVB
·
October 10, 2018
၅ နှစ်သားပါရမီရှင်ကလေးရဲ့ ပဲ့ကိုင်ရှင်-The Kindergarten Teacher ရုပ်ရှင်(နမူနာ)
Donate to DVB


ဟောလိဝုဒ် ဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် The Kindergarten Teacher အမည်ရတဲ့ ရုပ်ရှင်ကို အောက်တိုဘာ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Sara Colangelo က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားဟာ ၂၀၁၄ ခုနှစ်က ဒီနာမည်နဲ့ပဲ ရိုက်ကူးထားခဲ့တဲ့ အစ္စရေးရုပ်ရှင်ကားကို အခြေပြုပြီး ပြန်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

Lisa ဟာ အသက် ၄၀ အရွယ်ရှိတဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး New York မြို့ မူလတန်းကျောင်းတကျောင်းက ဆရာမတယောက်ပါ။ တနေ့မှာတော့ သူဟာ အတန်းထဲက ထူးခြားတဲ့ ကဗျာစွမ်းရည်ရှိတဲ့ ၅ နှစ်သားလေး Jimmy ကို သွားတွေ့ချိန်မှာ သူ့ကို စိတ်ဝင်စားရာကတဆင့် စွဲစွဲလမ်းလမ်းဖြစ်လာတယ်။ ကလေးငယ်ကို လျစ်လျူရှုထားကြတဲ့ မိသားစု၊ အထိန်းတွေရဲ့ကြားက ဒီကလေးရဲ့ စွမ်းရည်တွေ ပိုပြီးထူးခြား ကောင်းမွန်လာအောင် Lisa က ဘယ်လိုခက်ခက်ခဲခဲ ကြိုးစားအားထုတ်မလဲဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။

ဒီကားထဲက အဓိကဇာတ်ကောင် Lisa နေရာမှာတော့ အမေရိကန်မင်းသမီး Maggie Gyllenhaal က သရုပ်ဆောင်ထားပြီး ငါးနှစ်သားကလေး Jimmy နေရာမှာတော့ ကလေးသရုပ်ဆောင် Parker Sevak တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကြ ပါတယ်။

ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ပြသခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ရရှိထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.8 ထိ ရရှိထားတာဖြစ်ပါတယ်။ ဒီကားထဲမှာပါတဲ့ တချို့ဇာတ်ဝင်ခန်းတွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူနဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013