DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 10, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၄၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။     မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၀၀၀၀ ကနေ ၅၇၀၀၀ ပေါက်ဈေရှိပြီး၁ အိတ်ကို ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂၅၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအသစ်က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၁၀၀၀ ကနေ ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ဈေးကွာခြားမှုမရှိပါဘူး။

ကုလားပဲ v2

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၄၀၀၀၊ ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ တစ်အိတ်ကို ၇၂၃၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၇၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၄၅ ပိဿာဝင် ၁ အိတ်ကို ၂၁၀၀၀၀ ကနေ ၂၄၇၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၀၀၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ၁ အိတ်ကို ၇၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၁ အိတ်ကို ၁၄၄၀၀၀ ကနေ ၁၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မကွေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ စားအုန်းဆီက ၁ ပိဿာကို ၁၇၇၀ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၈၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ်ဈေးကွာခြား မှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013