DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်အဖွဲ့များ ချင်းမိုင်၌ဆွေးနွေး၊ အန်စီအေလမ်းကြောင်းဆက်သွားမည်ဟု မူတူးစေးဖိုးပြော
DVB
·
October 10, 2018
အပစ်ရပ်အဖွဲ့များ ချင်းမိုင်၌ဆွေးနွေး၊ အန်စီအေလမ်းကြောင်းဆက်သွားမည်ဟု မူတူးစေးဖိုးပြော
Donate to DVB

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အောက်တိုဘာ ၁၀ ရက်ကနေ ၁၁ ရက်အထိ ၂ရက်ကြာ ကျင်းပနေပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးခေါင်းဆောင်တွေရဲ့ အလွတ် သဘာတွေ့ ဆုံမှု ဖြစ်မြောက် ရေးဆွေးနွေးတာတွေအပြင် ဆုံးဖြတ်ချက်ချမှတ်တာနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရေးဆွဲချမှတ်သွားဖို့ ရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ သဘာပတိ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အန်စီအေလမ်းကြောင်းကနေ မသွေဖည်ဘဲ ဆက်လက်ရပ်တည်သွားမယ်လို့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

“နက်ရှိုင်းတဲ့ကွာဟချက်တွေလို့ပြောတဲ့နေရာမှာ ကျနော်တို့အနေနဲ့  အန်စီအေပေါ်မှာ ရပ်တည်ရမှာ ပဲဖြစ်တယ်။ အန်စီအေပေါ်မှာ နှစ်ဘက်က လိုက်နာခြင်းရှိ၊ မရှိဆိုတဲ့ အဖြေကိုလည်းရှာရမယ်။ ပြင်ဆင်ရေးအဖွဲ့ကတင်ပြလာမဲ့အချက်တွေက  အန်စီအေ နဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက် ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာထဲကမှ ကျော်လွှားခဲ့ကြပြီး  အန်စီအေဆို တာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့အဖွဲ့တွေအတွက် အန်စီအေ ဟာ လမ်းညွှန်တစ်ခုပဲ ဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့ မရပါဘူး။ ”

အနာဂတ်ပြည်ထောင်စုကြီးကို အတူတကွနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမှာဖြစ်လို့ အန်စီအေ လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့တွေ အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ပါဝင်လာနိုင်တဲ့ အခင်းအကျင်းအတွက် လမ်းရှာပေးရမှာပဲ ဖြစ်ပါတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမုန်းတရားကို အခြေခံပြီး တည်ဆောက်လို့မရပါဘူး။ ဒါကြောင့် သီးခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခင်ခြင်းတွေကို အခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လည်း  စောမူတူးစေးဖိုးက တိုက်တွန်းပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အောက်တိုဘာ ၁၅ ရက် ပုပ္ပါးမှာ တွေ့ဆုံကြဖို့ အစိုးရက ဖိတ်ခေါ်ထားပေမယ့် အဲဒီတွေ့ဆုံမယ့်နေ့ကို ရွေ့ဆိုင်းပေးဖို့ ကေအန်ယူက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013