DVB Logo
Home
မြန်မာသတင်း
နတ်​​မောက်နှင့်မကွေး​တွင် ​သောက်​သုံး​ရေတွင်းအတွက် ဘတ်​ဂျက်​ချ​ပေး​ရေး  ဆန္ဒ​ပြ
DVB
·
October 10, 2018
နတ်​​မောက်နှင့်မကွေး​တွင် ​သောက်​သုံး​ရေတွင်းအတွက် ဘတ်​ဂျက်​ချ​ပေး​ရေး  ဆန္ဒ​ပြ
1 / 4
Donate to DVB

မ​ကွေးမြို့ မြို့​တော်​ခန်းမ​ရှေ့မှာ ​အောက်​တိုဘာ ၁၀ ရက်​​နေ့ မနက်​ပိုင်းက နတ်​​မောက်​မြို့နယ်​ တမလန်းပင်​ရွာ ​သောက်​သုံး​ရေတွင်းနဲ့ မ​ကွေးမြို့နယ်​မှာ ​သောက်​​ရေစင် ​​တွေ ပြုလုပ်​​ပေးရေး​ ဘတ်​ဂျက်​ချ​ပေးဖို့ ဆန္ဒထုတ်​​ဖော်​​နေပါတယ်။

ဆန္ဒ​ဖော်​ထုတ်​ရာမှာ ဦး​ဆောင်​သူ ကို​ဇော်​မင်းထိုက်​က "ဝန်​ကြီးဌာန​တွေက​နေ အမှန်​တကယ်​ လိုအပ်​​နေတဲ့​နေရာ​တွေကို စက်​​ရေတွင်း မရရှိတာရယ်​၊ အင်​မတန်​ ​ရေရှားပါးပြီး စက်​​ရေတွင်း ရရှိတဲ့​နေရာ​တွေကိုလည်း ​ရေစင်​​တွေနဲ့ အိမ်​တိုင်​ရာ​ရောက်​ ​ရေ​ပေး​ဝေနိုင်​ဖို့ ဆန္ဒ​ဖော်​ထုတ်​​နေတာပါ။ မ​ကွေးတိုင်းရဲ့ အဓိကလိုအပ်​ချက်​က ​သောက်​သုံး​ရေ ရရှိဖို့ဖြစ်​ပါ တယ်​။ ပြည်​သူ​တွေက ​ရေ နှစ်​ပုန်း​လောက်​ ရဖို့ကို တညလုံး ​စောင့်ခပ်​ခဲ့ရတယ်​။ ပြည်​သူကို ချ​ပေးလိုက်​တဲ့ ဘတ်​ဂျက်​​ငွေကိုလည်း ညီညီမျှမျှလုပ်​​ဆောင်​ပြီး ဘတ်​ဂျတ်​ အမြန်​ဆုံးချ​ပေး​ စေချင်​တယ်​။ အဆင့်ဆင့် တင်​ပြထားပြီး ဖြစ်​​ပေမယ့် ပြည်​​ထောင်​စုဝန်​ကြီးဆီ မ​ရောက်​ဘဲ တ​​နေရာမှာ ကြန့်ကြာ​နေတယ်​လို့ ယူဆပါတယ်​ "လို့ ပြောပါတယ်​။

ကြာကန်​ ​ကျေးရွာ​ဒေသခံ ဦးခင်​​မောင်​​ဆွေက "ရွာ​တွေမှာ မိုးတွင်း သွားလာရခက်ခဲ​တော့ ​ရေ​လေလွင့်မှုမရှိဘဲ၊ ကျန်းမာ​ရေးနဲ့လည်း ညီညွှတ်​​အောင်​ ​ရေစင်​​တွေပြုလုပ်​​ပေးပြီး အိမ်​တိုင်​ရာ ​ရောက်​ ​ရေ​ပေး​ဝေ​ရေးစနစ်​ လုပ်​​ပေးဖို့ ​တောင်းဆိုတာပါ" လို့ ဆိုပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီး လူမှုဝန်​ထမ်း၊ ကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​နေရာချထား​ရေး ဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးမြင့်​စိုးက "ပြည်​​ထောင်​စုဝန်​ကြီးဆီ စာတင်​​ပေးလိုက်​ပြီး ​ကျေးလက်​ ​ဒေသဖွံ့ဖြိုး​ရေးဌာနက တမလန်းပင်​​ကျေးရွာမှာ စက်​​ရေတွင်း အမှန်​တကယ်​တူးသင့်မသင့် ကွင်းဆင်းစစ်​ပြီး ပြန်​လည်​တင်​ပြခဲ့တယ်​။ ​ပြည်​​ထောင်​စုဝန်​ကြီးဆီက ရန်​ပုံ​ငွေ​တွေရမယ်​ထင်​ပြီး ​ဒေသခံ​တွေ ရပ်​မိရပ်​ဖ​တွေ စု​ပေါင်းပြီး စက်​​ရေတွင်းတူးလိုက်​​တော့ ​ရေက​ အောင်​သွားတယ်​။ ​ဒေသခံ​တွေက ပစ္စည်း​တွေ အ​ကြွေးယူပြီးလုပ်​ထားတာ ဖြစ်​တဲ့အတွက်​ ​ဘတ်​ဂျက်​​ငွေ ချမ​ပေးလို့ ဆန္ဒ​ဖော်​ထုတ်​ကြတာပါ။ ​ကျေးလက်​ဖွံဖြိုး​ရေးဌာနက ကွင်းဆင်းစစ်​​ဆေး​တော့ ​ရေလုံ​လောက်​မှု ရှိတဲ့အတွက်​ မလိုအပ်​ဘူးလို့ ပြန်​လည်​တင်​​ပေးလိုက်​တဲ့အတွက်​ လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနဲ့ ပြန်​လည်​​နေရာချထား​ရေး ဝန်​ကြီးဌာနက ရန်​ပုံ​ငွေ ချမ​ပေး​တော့ပါဘူး" လို့​ ပြောပါတယ်​။

မ​ကွေးတိုင်း​ဒေသကြီး အတွင်းရှိ ​ကျေးရွာ​တော်​​တော်​များများဟာ နှစ်​စဉ်​ ​နွေရာသီ ​သောက်​သုံး​ရေ အခက်​ခဲ​တွေနဲ့ရင်​ဆိုင်​​နေရတာပါ။

ဆန္ဒထုတ်​​ဖော်​ပွဲကို မ​ကွေးမြို့နယ်​နဲ့ နတ်​​မောက်​မြို့နယ်​က ​ဒေသခံ ပြည်​သူ ၁ ​​ထောင်​လောက် ဘတ်​ဂျက်​​ငွေချ​ပေး​ရေးအတွက် ​ဆန္ဒ​ဖော်​ထုတ်​ခဲ့တာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013