DVB Logo
Home
မြန်မာသတင်း
Eleven မီဒီယာ အယ်ဒီတာချုပ်ပါ ၃ ဦး ရဲစခန်းတွင် သွားရောက်အဖမ်းခံ
DVB
·
October 10, 2018
Eleven မီဒီယာ အယ်ဒီတာချုပ်ပါ ၃ ဦး ရဲစခန်းတွင် သွားရောက်အဖမ်းခံ
1 / 7
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲခံထားရတဲ့  Eleven မီဒီယာက အယ်ဒီတာချုပ်အပါအဝင် ၃ ယောက်ကို ဒီနေ့မနက်ပိုင်းက တာမွေရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့တယ်လို့ အယ်ဒီတာ ကိုဇော်မင်းနိုင်က ပြောပါတယ်။

Eleven မီဒီယာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းနဲ့ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်း အယ်ဒီတာ  ကိုဖြိုးဝေဝင်းတို့ ၃ ယောက်ဟာ အမှုဖြေရှင်းဖို့အတွက် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှာ ဒီကနေ့ သွားရောက်အစစ်ဆေးခံခဲ့ပြီး ဖမ်းဆီးခံခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ၅၀၅(ခ)နဲ့ တရားစွဲဆိုထားတာ မှန်ပေမယ့် ဘာအတွက်ကြောင့် တရားစွဲတယ် ဆိုတာ မသိသေးဘူးလို့ ကိုဇော်မင်းနိုင်က ပြောပါတယ်။

“ကျနော်အခုမသိသေးဘူး။ စွဲတဲ့သူက ဘယ်သူမှန်းကိုမသိဘူး။ ရဲစခန်းကလည်း မပြောသေးဘူးခင်ဗျ။ အဲဒါကြောင့်မို့လို့ပါ။ အခုတရားရုံးမှာပဲရှိသေးတယ်။ တရားခွင်တော့ မတင်သေးဘူး။ ဒီနေ့မနက် ကျနော်တို့စခန်းပဲသွားပြီးတော့ အဖမ်းခံလိုက်တာပါ။”

မနေ့ညကလည်း ရဲတပ်ဖွဲ့က Eleven မီဒီယာရုံးမှာ ဝင်ရောက်ရှာဖွေတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

သူတို့ ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ရန်ကုန်တိုင်းအစိုးရက တရားလိုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013