DVB Logo
Home
မြန်မာသတင်း
တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲခင်း​ဈေးတင်​ဒါ​ ကျပ်သိန်း ၃၄၀၀ ​​ကျော်​ရရှိ
DVB
·
October 10, 2018
တောင်​ကြီး တန်​​ဆောင်​တိုင်​ ပွဲခင်း​ဈေးတင်​ဒါ​ ကျပ်သိန်း ၃၄၀၀ ​​ကျော်​ရရှိ
Donate to DVB

ရှမ်းပြည်နယ် ​တောင်​ကြီးတန်​​ဆောင်​တိုင်​ပွဲ​တော်​ ​အောင်​မြင်​​စေဖို့ ပွဲခင်း​ဈေးတင်​ဒါ​ ​ခေါ်​ရွေးချယ်​ပွဲမှာ ကျပ်​သိန်း​ပေါင်း ၃၄၀၀ ​ကျော်​ရရှိတယ်​လို့ ​အောက်​တိုဘာ ၈ ရက်နေ့က ရှမ်းပြည်နယ်​အစိုးရရုံးမှာ ပြုလုပ်​ခဲ့တဲ့ တင်​ဒါ​ရွေးချယ်​ပွဲမှ သိရပါတယ်​။

ရှမ်းပြည်​နယ်​ ဘဏ္ဍာ​ရေးဝန်​ကြီး ဦးစိုင်းရှန်​တစ်​လုံက “နှစ်​စဉ်​ တင်​ဒါ​ခေါ်စနစ်​နဲ့ပြုလုပ်​ပြီး တင်​ဒါ​ရွေးချယ်​ခံရသူအ​နေနဲ့ သတ်​မှတ်​ထားတဲ့ စည်းကမ်း​တွေမလိုက်​နာပါက အ​ရေးယူမယ်” ​လို့ ဆိုပါတယ်​။

တင်​ဒါကို အရင်​နှစ်​လိုမတူဘဲ ပွဲးခင်း​ဈေးအတွက်​ ယာဉ်​ရပ်​နားစခန်း (၃)ခု၊ ပျံကျ​ဈေး​ ကောက်​လုပ်​ငန်း၊ ​ဈေးဆိုင်​ခန်း၊ အ​ရောင်းပြခန်း ချားရဟန်းနဲ့ က​လေးကစားကွင်းလုပ်​ငန်း ​ခေါင်းစဉ်​ ၅ ခုနဲ့ တင်​ဒါ​ခေါ်တဲ့အတွက်​ ပုဂ္ဂိုလ်​တ​ဦးတည်း ရရှိတာ မဟုတ်​ဘဲ ​ရွေးချယ်​ခံရသူ ၃ ဦး တင်တာရရှိခဲ့တာဖြစ်​ပါတယ်​။

အရင်​နှစ်​က ပွဲခင်းတခင်းလုံးကို တင်​ဒါဈေး ကျပ်သိန်း ၂၈၀၀ ​ကျော်​သာ ရရှိ​ပေမယ့် ဒီနှစ်​ မှာ သိန်း ၃၄၀၀ ​ကျော်​ ရရှိခဲ့တာပါ။

တင်​ဒါကြမ်းခင်း​ဈေး မြင့်ပေမယ့် ယာဉ်​ရပ်​နားခွင့် ဆိုင်​ကယ်တစီး ​၁၀၀၀​ ကျပ်နဲ့ ကားတ​စီး ၃၀၀၀ ကျပ်​သာ​ကောက်​ခံဖို့သတ်​မှတ်​ပြီး ပို​ကောက်​ပါက အ​ရေးယူသွားမယ်လို့ သိရပါတယ်​။

တောင်​ကြီးတန်​​ဆောင်​တိုင်​ ပွဲ​တော်​ကို ​နိုဝင်​ဘာ ၁၅ ရက်​မှစတင်​ပြီး ၉ ရက်​ကျင်းပမှာ​ကို ရက်​ထပ်​တိုးဖို့ အစိုးရစီစဉ်​​နေ​ကြောင်း သိရပါတယ်​။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013