DVB Logo
Home
မြန်မာသတင်း
စစ်တွေ စရဖတပ်ဖွဲ့ဝင် သေနတ်ပစ်ခံရမှုနှင့်ပတ်သက်၍ လူငယ် ၁ ဦးကို ဖမ်းဆီး
DVB
·
October 10, 2018
စစ်တွေ စရဖတပ်ဖွဲ့ဝင် သေနတ်ပစ်ခံရမှုနှင့်ပတ်သက်၍ လူငယ် ၁ ဦးကို ဖမ်းဆီး
Donate to DVB

စစ်တွေမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင် သေနတ်ပစ်ခံရမှုနဲ့ ပတ်သက်ပြီး တက်ကြွလူငယ်တဦးဖြစ်တဲ့ ကိုအောင်ဇော်လင်းကို အောက်တိုဘာ ၉ ရက်နေ့မနက်ပိုင်းက စစ်တွေမြို့ မီးစက်ကြီးခွဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ဆိုင်း ဖမ်းဆီးခဲ့ပါတယ်။

စစ်တွေမြို့မရဲစခန်းမှူး အေးကျော်က “ကျနော်တို့က တိကျတဲ့ အချက်အလက်တွေ ရရှိထားတယ်။ ရရှိထားတဲ့ အချက်အလက် အပေါ်မှာတည်ပြီး ဖမ်းတာပါ။သံသယနဲ့ဖမ်းဆီး တာမဟုတ်ဘူး။ ကျနော်တို့ သူ့ကို လက်ရှိ ဖမ်းဆီးစစ်ဆေးနေပါတယ်။ မိသားစုဝင်တွေကို ကျနော်တို့ စစ်ဆေးနေချိန်မှာ တွေ့ခွင့်ပေးမှာ မဟုတ်ပါဘူး”လို့ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ ကိုအောင်ဇော်လင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၉ ရက်နေ့ကစလို့ ၂၁ ရက်နေ့အထိ ချုပ်ရမန်ယူထားတယ်လို့ ရဲအရာရှိက ပြောပါတယ်။

စက်တင်ဘာ၂၅ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၀င် တပ်ကြပ်ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ ဈေးရောင်းပွဲတော်မှာ အမည်မသိ သေနတ်သမားရဲ့ အနီးကပ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆေးရုံပို့စဉ် အသွားလမ်းမှာ သေဆုံးသွားပါတယ်။

စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၀င်ဖိုးလုံး သေနတ်ပစ်ခံရတာနဲ့ပတ်သက်လို့ ပြီးခဲ့ရက်ပိုင်းက စစ်တွေက ဒေသခံ ၃ ဦးနဲ့ ရန်ကုန်က ၂ ဦး စုစုပေါင်း လူ ၅ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဖိုးလုံးသေနတ်နဲ့ အပစ်ခံရတာနဲ့ပတ်သက်လို့ ကိုအောင်ဇော်လင်းကို စစ်တွေမြို့မရဲစခန်းက(ပ) ၉၀/၂၀၁၈ ၊ရ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ ဖမ်းဆီးပြီး ရမန်ယူထားတာဖြစ်ပါတယ်။

ကိုအောင်ဇော်လင်းဟာ စစ်တွေ အဝေးသင်တက္ကသိုလ်ကနေ တတိယနှစ် ရှုပဗေဒ ဘာသာရပ်ယူထားသူဖြစ်ပြီး ဒီကနေ့ ၁၁ နာရီကျော်လောက်စာမေးဖြေပြီးလို့အပြင်မှာ အခုလို ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ကိုအောင်ဇော်လင်းဟာ ရခိုင်လူငယ်ညီလာခံ(AYC) အဖွဲ့ဝင် တဦးဖြစ်သလို လူမှုကူညီ ကယ်ဆယ်လုပ်ငန်းတွေ လုပ်ကိုင်နေသူတဦးလည်း ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013