DVB Logo
Home
မြန်မာသတင်း
Eleven သတင်းဌာနကို ရဲက ၀င်ရောက်ရှာဖွေ၊ အယ်ဒီတာပါ ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်
DVB
·
October 10, 2018
Eleven သတင်းဌာနကို ရဲက ၀င်ရောက်ရှာဖွေ၊ အယ်ဒီတာပါ ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်
Donate to DVB

Eleven သတင်းဌာနက သတင်း​ထောက်​နဲ့ အယ်ဒီတာအပါအဝင် ၃ ဦးကို​ ပုဒ်​မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပြီး ​အောက်​တိုဘာ ၉ ရက်​​နေ့ ​ည ၇ နာရီ​လောက်​မှာ ရန်​ကုန်​ Eleven ရုံးကို တာ​မွေရဲစခန်းက ဝင်​​ရောက်ရှာဖွေတာတွေ ပြုလုပ်​ခဲ့တယ်​လို့ Eleven အမှု​ဆောင်​အယ်​ဒီတာ ကိုဦး (သင်္ချာ) က ဒီဗွီဘီကို​ ပြောပါတယ်​။

လက်​ရှိအချိန်​မှာတော့ ရုံးချိန်​မဟုတ်​တဲ့အတွက်​ အမှုဖွင့်ခံထားရတဲ့ ကို​ဖြိုး​ဝေဝင်း၊ ကို​ကျော်​​ဇောလင်းနဲ့ နရီမင်းကို​တော့ ရဲတပ်​ဖွဲ့က ခေါ်​ဆောင်​သွားတာ မရှိခဲ့ဘူးလို့ဆိုပါတယ်​။

ဒီကိစ္စနဲ့ ပတ်​သက်​ပြီး Eleven သတင်းဌာနနဲ့ ရဲတပ်​ဖွဲ့တို့​ အောက်​တိုဘာ ၁၀ ရက်​​နေ့မှာ ညိနှိုင်းမှုတွေ ပြုလုပ်​သွားမှာပါ။

လူမှုကွန်​ရက်​​တွေမှာ​တော့ ရန်​ကုန်​တိုင်းအစိုးရအဖွဲ့က ဝယ်​ယူထားတဲ့​ ကျောင်းကားကိစ္စကို​ ဆောင်းပါး​ရေးသားမှု​ကြောင့်လို့ ပျံ့နှံ့​နေ​ပေမယ့်​ Eleven သတင်းဌာနက​တော့ ဒါကို အတည်​မပြုထားပါဘူး။

ဒီကိစ္စနဲ့ပတ်​သက်​ပြီး တာ​မွေရဲစခန်းက ရဲမှူးသိန်းဝင်းကို အောက်တိုဘာလ ၉ ရက်နေ့ညက  ဖုန်းဆက်​​မေးမြန်းခဲ့​ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013