DVB Logo
Home
မြန်မာသတင်း
ရွှေနှင့်ဒေါ်လာဈေးနှုန်းများ ပြန်မြင့်တက်
DVB
·
October 9, 2018
ရွှေနှင့်ဒေါ်လာဈေးနှုန်းများ ပြန်မြင့်တက်
Donate to DVB

ဈေးတွေပြန်ကျနေခဲ့တဲ့ ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေဟာ ပြန်မြင့်တက်လာနေပြီး မနေ့ကစလို့ အမြင့်ဆုံးနှုန်းနီးပါး ပြန်မြင့်တက်လာခဲ့ပါတယ်။

မနေ့က ၉၉၄,၃၀၀ နဲ့ ပိတ်သွားတဲ့ ရွှေဈေးဟာ ဒီနေ့ မနက်မှာတော့ ၉၉၉,၀၀၀ ကျပ်နဲ့ ပြန်ဖွင့်လာပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “မနက်က ၉၉၉,၀၀၀ နဲ့ ဖွင့်တယ်။ အခုတော့ ၁၀ သိန်း ပတ်ချာလည်ပါ” လို့ ပြောပါတယ်။

မနေ့က မနက်ပိုင်းက ၉၈၉,၀၀၀ နဲ့ ဈေးဖွင့်တာကြောင့် တရက်တည်းမှာတင် အခေါက်ရွှေဈေးဟာ ကျပ် ၁၀,၀၀၀ တက်သွားတာပါ။

ရွှေဈေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးပတ်က တကျပ်သားကို ၁,၀၅၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလဆန်းမှာတော့ ၉၇၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပြန်ကျနေရာကနေ အခုတက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေးဟာလည်း ဒီနေ့မနက်မှာ ဘဏ်တွေရဲ့ ရောင်းဈေးက အမေရိကန် ၁ ဒေါ်လာကို ၁၅၅၂ ကျပ် ကနေ ၁၅၇၀ ကျပ်အထိ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

မနေ့ကတော့  ၁၅၃၅ ကျပ်နဲ့ ပိတ်ခဲ့တာကြောင့် ၃၅ ကျပ်နီးပါးတက်လာပြီး နောက်ဆုံးဈေးဖွင့်ခဲ့တဲ့ အောက်တိုဘာ ၅ ရက် သောကြာနေ့က ၁၅၁၅ ကျပ်ပဲ ရှိတာကြောင့် ကျပ် ၅၀ နီးပါး တက်လာတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းကနေ နေ့လယ်အထိမှာတော့ ကျပ် ၁၀ ထပ်တက်လာတာကိုလည်း တွေ့ရပါတယ်။

ဒေါ်လာဈေးဟာ စက်တင်ဘာလတုန်းက ၁ ဒေါ်လာကို ၁၆၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး တရားမဝင် အရောင်းအဝယ်လုပ်နေသူတချို့ကို အထူးစုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ဒီနောက်မှာတော့ အောက်တိုဘာ လဆန်းမှာ တဒေါ်လာကို ၁၅၁၅ ကျပ်အထိ ပြန်ကျဆင်းခဲ့ပြီး အခုတော့ ၁၆၀၀ နီးပါးအထိ ပြန်မြင့်တက်လာတာပါ။

ဒါ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာလည်း ၁ လီတာကို ၅ ကျပ်၊ ၁၀ စသည်ဖြင့် ရက်ခြားပြီး မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013