DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 9, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ၅၉၆၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ငွေကျပ် ၂၈၀၀၀ ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ်ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၄၁၅ ကျပ်ကနေ ၂၂၀၀ ရှိပါတယ်။

ဘိုကိတ်

ဘိုကိတ်ပဲကတော့ ၁ ပိဿာကို ၉၁၅ ကျပ် ကနေ ၉၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၅ ကျပ်ဈေးတက်လာပါတယ်။

အာလူး

အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၀ ကျပ်ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၃၅၀ ကနေ ၈၀၀ ကျပ်ရှိပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေး တက်ပါတယ်။

ငရုတ်ရှည် (အိန္ဒိယ)

အိန္ဒိယ ငရုတ်ရှည်ကတော့ ၁ ပိဿာကို ၄၁၅၀ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပဲကြီး

အောင်လံကုန်စည်ဒိုင်မှာတော့ ပဲကြီးက ၁ တင်းကို ၃၆၀၀၀ ကနေ ၄၃၀၀၀ ပေါက်ဈေးရှိပြီး ၁ တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မြေပဲလုံးဆန်နီ

မြေပဲလုံးဆန်ကတော့ ၁ ပိဿာကို ၂၉၀၀ ရှိ ပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေးတက်လာပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့ ဈေးတက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံအပြင် တရုတ်ဝယ်လက်တွေပါ ပိုလာတဲ့အတွက် ဈေးတက်လာတာလည်း ဖြစ်ပါတယ်။ ထို့ပြင် ပဲအသစ်တွေ ပေါ်တော့မှာဖြစ်တဲ့အတွက် ပဲအဟောင်းလက်ကျန်တွေကို ထုတ်ရောင်းနေတဲ့အတွက် ဈေးက လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် ၁ တန်ကို ငွေကျပ် ၈ သောင်းနီးပါးဈေးတက်လာခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ ပဲကြီး ဖြစ်ပါတယ်။ ပဲကြီးကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့ပါတယ်။ ပဲလက်ကျန်လည်း မရှိသလောက် နည်းနေပြီး ပဲအသစ်တွေ စတင်စိုက်ပျိုးနေတာ ဖြစ်တဲ့အတွက် အ၀ယ်နည်းပြီး ဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲကြီးကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် သုံးတင်းဝင် ၁ အိတ်ကို ငွေကျပ် ၂ သောင်းကျော်ဈေး ကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013