DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် အောင်ရဲထွေးအမှု အစကနေပြန်စစ်မည်
DVB
·
October 9, 2018
သရုပ်ဆောင် အောင်ရဲထွေးအမှု အစကနေပြန်စစ်မည်
Donate to DVB

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ တရားခံ ၃ ဦးကို လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့က စတင်ပြီး အစကနေ ပြန်လည်စစ်ဆေး သွားမှာပါ။

အောက်တိုဘာ ၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီအမှုကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရှေ့နေ ပါဝါတင်တာတွေ၊ အမှုကို ပြန်လည် တင်ပြတာတွေနဲ့ ရုံးချိန်းရက်ချိန်းယူတာတွေကို ပြုလုပ်ခဲ့ပါတယ်။

နောက်လာမယ့် ရုံးချိန်းမှာတော့ တိုင်ကြားသူ တရားလိုအပါအဝင် တရားလိုပြသက်သေ ၅ ဦးကို ဆင့်ခေါ်ထားပြီး ၃ ဦးကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး သန်းထွဋ်အောင် (ခ )သားကြီးအပါ ၃ ကြီးကို ပုဒ်မ ၃၀၂ နဲ့ ပြန်လည်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အမှုအတွက်တော့ တရားလိုပြသက်သေ စုစုပေါင်း၂၂ ဦးတင်သွင်းထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ်ကူးညကပွဲတခုမှာ လူတစ်စုရဲ့ထိုးနှက်မှုကြောင့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ပါတယ်။ အမှုမှာ လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇောတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးက တိုင်းတရားသူကြီး ခွင့်ပြုချက်နဲ့ ကျေအေးခွင့် ပြုခဲ့ပြီး ဇူလိုင် ၂၅ ရက်နေ့က ပြန်လွှတ်ခဲ့လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။

ဒီဝေဖန်တာတွေ များလာပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ညွှန်ကြားချက်နဲ့ ဒီအမှုကို ပြန်စစ်ဆေးဖို့သင့်မသင့် ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ကြားနာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ ပြန်စစ်ဆေးဖို့ တိုင်းတရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ပါတယ်။

ဒီအမှုမှာ တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ကျပ်သိန်း ၇၂၀ လာဘ်စားပြီး အမှုရုပ်သိမ်းခွင့်ပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိလို့ အဂတိလိုက်စားမှုနဲ့ အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013