DVB Logo
Home
မြန်မာသတင်း
ဖုယွင်အလုပ်သမားကိစ္စ ရန်ကုန်တိုင်းဝန်ကြီးချုပ် ညှိနှိုင်းပေမယ့် အလုပ်ရှင် လက်မခံဟုဆို
DVB
·
October 9, 2018
ဖုယွင်အလုပ်သမားကိစ္စ ရန်ကုန်တိုင်းဝန်ကြီးချုပ် ညှိနှိုင်းပေမယ့် အလုပ်ရှင် လက်မခံဟုဆို
Donate to DVB

ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံထားတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ညှိနှိုင်းထားပေမယ့် အလုပ်ရှင်က လက်မခံတာလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

အောက်တိုဘာ ၉ ရက်ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အပြီး ဒီဗွီဘီ သတင်းဌာနရဲ့ သီးခြားမေးမြန်းမှုကို အခုလို ဖြေကြားသွားတာပါ။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန် ဖုယွင်အထည်ချုပ်စက်ရုံက ဖုယွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်ကိုယ်တိုင် စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ ညှိနှိုင်းခဲ့ပါတယ်။

ဝန်ကြီး ဦးဇော်အေးမောင်က “ဝန်ကြီးချုပ်ကိုယ်တိုင် အလုပ်သမားတွေကို အလုပ်ပြန်ခန့် ဖို့ ညှိနှိုင်းတယ်။ အလုပ်ရှင်က လက်မခံဘူး။ ကျနော်တို့ အနေနဲ့ကလည်း ဥပဒေအတိုင်းပဲ ဆောင်ရွက်လို့ရတဲ့ အခြေနေဖြစ်နေပါတယ်။ ပြန့်ခန့်ဖို့ အမိန့်ပေးလို့ မရပါဘူး။ အလုပ်ရှင်က လက်ရှိမှာ အလုပ်ထုတ်တာက EC စာချုပ်နဲ့မညီတဲ့အတွက် ဒီဥပဒေတခုကို ချိုးဖောက်ထား ပါတယ်။ တဖက်ကလည်း ကျနော်တို့အလုပ်သမားတွေက စက်ရုံကိုပိတ်ဆို့တဲ့အတွက် ဥပဒေကို ပြန်ချိုးဖောက်ထားသလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ပြေလည်နိုင်မယ့် နည်းလမ်းတွေ ရှာနေပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ဖုယွင်အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၃၀ ကို အကြောင်းပြချက်မရှိဘဲ အလုပ်ကနေ သြဂုတ် ၂၀ ရက်နေ့က ထုတ်ပယ်ခဲ့ပါတယ်။

အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမား ၂၀၀ လောက်ဟာ သြဂုတ်လ ၂၁ရက်နေ့က စပြီး စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာပါ။

ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဟာ အခုဆိုရင် ၅၀ ရက် ကြာမြင့်သွားပြီဖြစ်ပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက် အလုပ်လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013