DVB Logo
Home
မြန်မာသတင်း
မြင်းခြံ မဲစာရင်း ကြည့်ရှုသူမရှိဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးပြော
DVB
·
October 9, 2018
မြင်းခြံ မဲစာရင်း ကြည့်ရှုသူမရှိဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးပြော
Donate to DVB

မြင်းခြံမြို့နယ်မှာ ဒုတိယအကြိမ်​ မဲစာရင်း​ကြေညာထား​ပေမယ့် လာ​ရောက်​ ကြည့်ရှုမယ့်သူ မရှိဘူး ဖြစ်​​နေတယ်​လို့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက ပြောပါတယ်။

လာမယ့်​ နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပပြုလုပ်​မယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ရဲ့ လစ်​လပ်​​နေရာဖြစ်​တဲ့ ပြည်​သူ့လွှတ်​​တော်​ (၁) ​နေရာအတွက်​ ယှဉ်ပြိုင်​အ​ရွေးခံမှာ ဖြစ်ပါတယ်။

အမှတ်​ (၁၀) ရပ်​ကွက်​ အုပ်​ချုပ်​ချုပ်​​ရေးမှူး ဦးစိန်​ဝင်း​မောင်​က "ခု ကျင်းပပြုလုပ်​မယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲ စိတ်​ဝင်​စားသူ အားနည်းပါတယ်​။ ပထမအကြိမ်​ မဲစာရင်း​ကြေညာတုန်း က​တော့ အနည်းငယ်​လာ​ရောက်​ ကြည့်ရှုသူရှိသေးတယ်။၊ ယခု ဒုတိယအကြိမ်​ မဲစာရင်း​ကြေညာထားတာ ၁ ပတ်​​ကျော်​ရှိလာခဲ့​ပေမယ့် လာ​ရောက်​ကြည့်ရှုသူ တ​ဦးမှ မရှိဘူး” လို့ သူက ဆိုပါတယ်​။

မြင်းခြံမြို့နယ်​မှာ​တော့ လာမယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲ​ပေးပိုင်​ခွင့်ရှိသူ ၂၂၀၀၀၀ ​ကျော်​ရှိပြီး၊ မဲရုံ​ပေါင်း ၂၆၈ ရုံ ထားရှိမှာလည်း ဖြစ်​ပါတယ်​။

မြင်းခြံမြို့နယ်​ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥက္ကဋ္ဌ ဦးစိန်​​ဌေးဝင်းက "ကျ​နော်​တို့ ​ကော်​မရှင်​ အ​နေနဲ့ မဲစာရင်း​တွေကို အနီးစပ်​ဆုံးဖြစ်​​အောင်​ စာရင်းပြုစု​​ပေးထားတာပါ၊ မဲစာရင်းကို ကြည့်ရှုသူ အားနည်းတာက ဘယ်​ပါတီ​တွေဖြစ်​ဖြစ်​ ​ကောင်း​ကောင်း စည်းရုံး လှုံ့ဆော်​​ပေးဖို့ အဓိကအ​ရေးကြီးပါတယ်​၊ တချို့ကျေးရွာ​တွေက စိတ်​ဝင်​စားမှုရှိကြပါတယ်​၊ ယှဉ်ပြိုင်​ကြမယ့် ပါတီ​တွေ ​သေချာစည်းရုံး​ပေးဖို့က အ​ရေးကြီးတာပါ” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။

မြင်းခြံမြို့နယ်​မှာ လစ်​လပ်​​နေရာ ဖြစ်​တဲ့ ပြည်​သူ့လွှတ်​​တော်​ ၁ ​နေရာအတွက်​ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ၊ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ လူ့​ဘောင်​သစ်​ ဒီမိုကရက်​တစ်​ပါတီ၊ ပြည်​သူ့အလုပ်​သမားပါတီတို့ ဝင်​​ရောက်​ယှဉ်ပြိုင်​ အ​ရွေးခံသွားမှာလည်း ဖြစ်​ပါတယ်​။

 ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ လစ်​လပ်​ ၁၃ ​နေရာအတွက်​ နိုင်​ငံ​ရေးပါတီ ၂၄ ခုမှ ၆၂ ဦးနဲ့ တစ်​သီးပုဂ္ဂလကိုယ်​စာလှယ်​​လောင်း ၇ ဦး၊ စုစု​ပေါင်း ၆၉ ဦး ယှဉ်​ပြိုင်​မှာဖြစ်​ပြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ တါတီတည်းသာ​ ​နေရာအပြည့်​ ယှဉ်ပြိုင်​သွားမှာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013