DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျောင်းသားတဦး အသတ်ခံရ
DVB
·
October 9, 2018
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျောင်းသားတဦး အသတ်ခံရ
Donate to DVB

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတဦးဟာ ခမောင်းဆိပ်ရွာကနေ ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်လာစဉ် တောစပ်မှာ အသတ်ခံရတယ်လို့ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီလောက်က ကာလာယာ  (၁၃ နှစ်) ဟာ ခမောင်းဆိပ်ရွာမှာ aဈးဝယ်ပြီး ဝေလာတောင်ရွာကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် ခမောင်းဆိပ်နဲ့ ဝေလာတောင်ကြား တောစပ်အနီးမှာ ဓားနဲ့ ခုတ်သတ်ခံခဲ့ရတာလို့ ခမောင်ဆပ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“သူက ကျောင်းသားလေးပါ။ ဒီနေ့ ကျောင်းပိတ်တယ်ဆိုတော့ ဝေလာတောင်ရွာကနေ ခမောင်းဆိပ်ရွာကို ဈေးလာဝယ်တာပါ။ ညနေ ၄ နာရီလောက်မှာ ဆိုင်ကယ်နဲ့ တယောက်တည်း ဝေလာတောင်ကို ပြန်လာတယ်လို့ သိရပါတယ်။ ည ၈ နာရီလောက်မှာ ဝေလာတောင်ရွာက သူ့မိဘတွေက ပြန်မရောက်လို့ လာရောက်အကြောင်းကြားပြီး လုံခြုံရေးအဖွဲ့တွေနဲ့ လိုက်ရှာကြ ပါတယ်။ ည ၉ နာရီကျော်မှာ ဝေလာတောင်နဲ့ ခမောင်ဆိပ်ကြားတောစပ်မှာ ဓားဒဏ်ရာ ၅ ချက်နဲ့ အလောင်းကို တွေ့တာပါ။ ည ၁၁ နာရီမှာ အလောင်းကို ခမောင်းဆိပ်ကို သယ်ယူဖို့ လုပ်နေပါတယ်။ မနက်ဖြန်မှာ မောင်တောဆေးရုံကို ပို့ဆောင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ခမောင်းဆိပ်နယ်မြေစခန်းပိုင် အောင်ဇူစခန်းမှူးက “အခုကတော့ စုံစမ်းစစ်ဆေးဆဲပါ ခင်ဗျ။ လုံခြုံရေးလုပ်ငန်းပိုင်း ဆောင်ရွက်နေပါတယ်။ ဖြစ်စဉ်အကျဉ်းကတော ဒီကလေးလေးက သူရွာကိုပြန်တဲ့ အချိန်မှာ အသတ်ခံရတာပေါ့နော်။ သတ်တဲ့သူက အကြမ်းဖက်သမားဖြစ်မလား၊ ဘင်္ဂလီဖြစ်မလား၊ တိုင်ရင်းသားဖြစ်မလား ဆိုတာတော့ မပြောနိုင်သေးဘူး။ အခုက ကျနော်တို့ ရဲလုပ်ငန်းအတိုင်း ဆောင်ရွက်နေပါတယ်။ လောလောဆယ် ကျနော်တို့နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။ အလောင်းကတော့ မောင်တောကို သယ်ယူလာပါပြီ”လို့ ပြောပါတယ်။

ခမောင်းဆိပ်ရွာနဲ့ ဝေလာတောင်ရွာဟာ ၇ မိုင်ကျော်ဝေးပြီး ခမောင်းဆိပ်ကျေးရွာမှာ အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေ ၃၀၀ ကျော်နဲ့ ဝေလာတောင်ကျေးရွာမှာ အရင်က အိမ်ခြေ ၅၀ ကျော်ရှိခဲ့ပေမယ့် အခုအခါ ၂၅ အိမ်လောက်သာ ရှိပါတယ်။

သတင်း - ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013