DVB Logo
Home
မြန်မာသတင်း
လကမ္ဘာကို ပထမဆုံးခြေချခဲ့သူအကြောင်း ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်-First Man(နမူနာ)
DVB
·
October 9, 2018
လကမ္ဘာကို ပထမဆုံးခြေချခဲ့သူအကြောင်း ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်-First Man(နမူနာ)
Donate to DVB


လကမ္ဘာကို ပထမဆုံးခြေချနိုင်ခဲ့သူ Neil Armstrong အကြောင်း ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကား First Man ကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။


Biographical Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ Universal Pictures က တင် ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Damien Chazelle က ပုံဖော်ရိုက် ကူးပေးထားတာ ဖြစ်ပါတယ်။


“ဒါဟာ လူတယောက်အတွက် သာမန်ခြေလှမ်းတလှမ်းဖြစ်ပေမယ့် လူသားမျိုး နွယ်တွေအတွက်ကတော့ ခုန်လွှားတိုးတက်မှုကြီးတခု ဖြစ်ပါတယ်” တဲ့။  

ဒါကတော့ လူသားတွေရဲ့ ရာဇ၀င်မှာ သမိုင်းတွင်ခဲ့တဲ့ စကားတခွန်းပါ။ ဒီစကားကို ပြောခဲ့တဲ့သူက အမေရိကန် အာကာသယာဉ်မှူး Neil Armstrong ဖြစ်ပြီး ကမ္ဘာမြေပေါ်က ကြည့်ရှုသူ သန်း ၁ ထောင်ကို လကမ္ဘာပေါ်ကတဆင့် ပြောလိုက်တဲ့စကား ဖြစ်ပါတယ်။
အမေရိကန်တွေအနေနဲ့ လပေါ်ကို အာကာသယာဉ်မှူးတွေ စေလွှတ်မယ့် အစီအစဉ်ကို သမ္မတ ဂျွန်အက်ဖ်ကနေဒီ လက်ထက်မှာ စတင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဆိုဗီ ယက်ပြည်ထောင်စုကလည်း စစ်အေးတိုက်ပွဲမှာ အမေရိကန်တွေကို ပခုံးချင်းယှဉ်နိုင်ဖို့ အာကာသထဲ စေလွှတ်မယ့်အစီအစဉ်တွေကို အလေးထားလုပ်ဆောင်နေခဲ့ချိန် ဖြစ်ပါတယ်။


ဒါပေမယ့် အမေရိကန် အာကာသသိပ္ပံ NASA ဟာ Apollo Mission နဲ့ လကမ္ဘာကို ပထမဆုံးခြေချအောင်မြင်မှုမရခင်မှာ ဒုံးပျံမီးစွဲလောင်ပြီး အာကာသယာဉ်မှူးတွေ အသက်ပေးခဲ့ရတဲ့ ဆုံးရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဒါပေမယ့် ၁၉၆၉ ခုနှစ်မှာတော့ အာကာသယာဉ်မှူး Neil Armstrong ခေါင်းဆောင်တဲ့ Apollo 11 အာ ကာသယာဉ်ကို စေလွှတ်နိုင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာပါ။ အဲဒီနေ့ကတော့ သမိုင်းမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ၁၉၆၉ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့။

ဒီကားထဲမှာတော့ သမိုင်းမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အခြေအနေတွေနဲ့ Neil Armstrong ရဲ့ ဘ၀ဇာတ်ကြောင်းကို ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှုကြရမှာပါ။


ဒီကားထဲမှာ အာကာသယာဉ်မှူး Neil Armstrong အဖြစ် ကနေဒီယန်မင်းသား Ryan Gosling။ သူ့ရဲ့ ပထမဆုံးဇနီး Janet Shearon အဖြစ် English မင်းသမီး Claire Foy တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး တခြားဟောလိဝုဒ်သရုပ် ဆောင်တွေလည်း အများအပြား ပါဝင်ထားကြတာ ဖြစ်ပါတယ်။


First Man ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ Venice Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။


ကြာမြင့်ချိန် ၁၄၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ နောက်ခံမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။


ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၅၉ သန်းအကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို Box Office မှာတော့ ရုံတင်မယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေအမေရိကန် ဒေါ်လာ သန်း ၂၀ နဲ့ ၂၃ သန်းကြား ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013