DVB Logo
Home
မြန်မာသတင်း
အလယ်တန်းအဆင့်အောင်မြင်ပြီးသူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဟိုတယ်ပညာ သင်ပေးမည်
DVB
·
October 9, 2018
အလယ်တန်းအဆင့်အောင်မြင်ပြီးသူများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဟိုတယ်ပညာ သင်ပေးမည်
Donate to DVB

အထက်တန်းပညာ ဆက်လက်မသင်ကြားနိုင်သူတွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက အသက်မွေးဝမ်းကျောင်းပညာ သင်ပေးမယ်လို့ ဖောင်ဒေးရှင်းက ကြေညာလိုက်ပါတယ်။

အဌမတန်းအောင်မြင်ပြီးသူတွေကို သင်ပေးမယ့် ပထမအကြိမ်သင်တန်းဖြစ်ပြီး လာမယ့်နှစ် ဇန်န၀ါရီလထဲ သင်တန်းစမှာ ဖြစ်ပါတယ်။

အထက်တန်းဆင့် ဟိုတယ်ဝန်ဆောင်မှုနဲ့ အချက်အပြုတ်ဆိုင်ရာသင်တန်း ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ပြီး  သင်တန်းကာလ (၉)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်ကြားပေးမယ့် ဘာသာရပ်တွေက အချက်အပြုတ်အခြေခံ၊ ပေါင်မုန့်၊ ကိတ်မုန့် ပြုလုပ်ခြင်း အခြေခံသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးအခြေခံသင်တန်း၊ အစားအသောက်နဲ့ အဖျော်ယမကာ အခြေခံသင်တန်း၊ ဧည့်ကြိုဝန်ထမ်း အခြေခံလုပ်ငန်းခွင် သင်တန်း တို့  ဖြစ်ပါတယ်။

ဘာသာရပ်တခုကို ကျောင်းသားဦးရေ  ၂၀ ကနေ ၃၀ အထိ လက်ခံသင်ကြား ပေးမှာဖြစ်ပြီး အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်များကိုလည်း သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။

လျှောက်ထားသူ သင်တန်းသား/သင်တန်းသူတွေဟာ အဋ္ဌမတန်းအောင်မြင်ပြီးသူ  အသက် (၁၈) နှစ်ကနေ (၃၀) နှစ်အတွင်း ဖြစ်ရပါမယ်။

လျှောက်လွှာပုံစံကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဖေ့စ်ဘွတ်မှာ download ရယူပြီး၊ ၀င်ခွင့် လျှောက်လွှာပုံစံနဲ့အတူ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ (၁)ပုံ၊ ပညာအရည်အချင်း ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တွေကို [email protected] အီးမေးလ်, HCTA-Hospitality and Catering Training Academy Facebook page ရဲ့ messenger နဲ့ ဖုန်း 09250807055 ၊ 09251034566 တို့ရဲ့ Viber တို့ကို နိုဝင်ဘာလအတွင်း ပေးပို့ လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဟိုတယ်သင်တန်းကျောင်းမှာ အရင်က အထက်တန်းပညာ အောင်မြင်ပြီးသူတွေကိုပဲ အခုလို အသက်မွေးဝမ်းကျောင်း ပညာသင်ပေး ခဲ့တာ ဖြစ်ပြီး အလယ်တန်းအဆင့်အောင်မြင်ပြီးသူတွေကို သင်ကြားပေးတာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013