DVB Logo
Home
မြန်မာသတင်း
ဧရာမမိကျောင်းအစစ်ဖြင့် ရိုက်ကူးထားသည့် သွေးပျက်ထိတ်လန့်ဖွယ် ထိုင်းရုပ်ရှင်ကား-The Pool (နမူနာ)
DVB
·
October 9, 2018
ဧရာမမိကျောင်းအစစ်ဖြင့် ရိုက်ကူးထားသည့် သွေးပျက်ထိတ်လန့်ဖွယ် ထိုင်းရုပ်ရှင်ကား-The Pool (နမူနာ)
Donate to DVB


ဧရာမမိကျောင်း အစစ်ကြီးတကောင်ကို ထည့်သွင်းရိုက်ကူးထားတဲ့ သွေးပျက် ထိတ်လန့်ဖွယ် ထိုင်းရုပ်ရှင်ကား The Pool ကို လက်ရှိ ရုံတင်ပြသနေပါတယ်။

ဘာတွေများ ဆက်ဖြစ်လာမလဲ၊ ဘယ်လို အဆုံးသတ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမယ့် Action Thriller အမျိုးအစား ဒီရုပ်ရှင်ကားကိုတော့ ထိုင်းရုပ်ရှင် ဒါရိုက်တာ Ping Lumpraploeng က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

Commercial တခုအတွက် ရေကူးကန်အဟောင်းတခုထဲကို ရေတွေဖြည့်ပြီး ရေအောက်က Scene တွေ ရိုက်ကူးပြီးနောက်တနေ့မှာ ၆ မီတာအနက်ရှိတဲ့ ရေကူးကန်ကြီးကို ရေပြန်ထုတ်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့  Day ဟာ ပြန်ရောက်လာခဲ့တယ်။

အဲဒီအချိန်မှာ သူက ဘယ်သူမှ မရှိတော့တဲ့ ရေကူးကန်ထဲမှာ ရေဆင်းကူးရင်း ရေပေါ်လေအိတ်မွေ့ယာပေါ် မှေးစက်အိပ်ပျော်သွားရာက ပြန်နိုးလာချိန်မှာ ရေကူးကန်ထဲက ရေတ၀က်လောက်ဟာ လျော့ကျသွားခဲ့ပြီ။ ကန်ထဲမှာ လှေကားလည်း မရှိဘူး။ အ ပေါ်ပြန်တက်လို့ မရပဲဖြစ်နေပြီး  အနားဝန်းကျင်မှာလည်း ဘယ်သူမှ မရှိတဲ့အခြေအနေ။

အဲဒီအချိန်မှာ ဖုန်းကလည်း ရေထဲကျသွားပြီး ဖုန်းပါဆက်မရတော့တဲ့အပြင် ရေတွေက လည်း တဖြည်းဖြည်းကျလာပြန်တယ်။

သူဟာ လွတ်မြောက်ဖို့ ကြိုးစားနေချိန်မှာ ချစ်သူ ကောင်မလေး Koy ရောက်လာပြီး ရေကူးကန် Diving ထိုးတဲ့ နေရာကနေ ချော်ကျ ခေါင်းထိပြီး ရေထဲ ပြုတ်ကျသွားခဲ့တယ်။ ဒီအခြေအနေကို ပိုဆိုးဝါးသွားစေတာကတော့ ထိုင်းနိုင်ငံတ၀ှမ်းရေကြီးရေလျှံမှုတွေကြောင့် ဘယ်လိုရောက်နေမှန်းမသိဘဲ ကန်ထဲရောက်နေခဲ့တဲ့ မိကျောင်းတကောင်ကြောင့်ပါပဲ။

ခေါင်းဒဏ်ရာနဲ့ သတိလစ်မေ့မျောနေတဲ့ ချစ်သူမိန်းကလေးရယ်၊ ရေတွေလုံးဝ ကျတဲ့အထိ နှစ်ယောက်လုံးအပေါ် ဘယ်လိုမှတက်လို့ရအောင် ကြံဆလို့မရနိုင်ဖြစ်နေတဲ့  Day ရယ်ဟာ မိချောင်းရဲ့ ရန်ကနေပါ ကာကွယ်ရဖို့ ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ၊ မိကျောင်းတိုက်ခိုက်မှုရန်ကနေ သူတို့ ၂ ယောက် လွတ်မြောက်သွားမလားဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။  

ဒီကားထဲမှာတော့ ထိုင်းနိုင်ငံရဲ့ Golden Television Awards မှာ အဓိက ဇာတ် ဆောင်ဆု ၄ ကြိမ် ရရှိထားတဲ့ နာမည်ကြီးမင်းသား Ken Theeradeth Wongpuapan နဲ့ အဆိုတော်နဲ့ သရုပ်ဆောင်မင်းသမီး Ratchiratham Ratnomnot တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013