DVB Logo
Home
မြန်မာသတင်း
မြောက်ဦးလူငယ် ၈ ဦးကို မြို့နယ်တရားရုံးက လွှတ်ပေး
DVB
·
October 9, 2018
မြောက်ဦးလူငယ် ၈ ဦးကို မြို့နယ်တရားရုံးက လွှတ်ပေး
Donate to DVB

မြောက်ဦးအဓိကရုဏ်းနဲ့ ထောင်ဒဏ် ၈ လချမှတ်ခံခဲ့ရပြီး နိုင်ငံတော် အလံမှုနဲ့ ထပ်မံဖမ်းဆီးထားသူတွေကို မြောက်ဦးမြို့နယ် တရားရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ လွှတ်ပေးလိုက်တယ်လို့ လိုက်ပါဆောင်ရွက်ပေးတဲ့ အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော် ဒီဗွီဘီကိုပြောပါတယ်။

“သူတို့ ၈ ယောက်ကို နိုင်ငံတော်အလံအက်ဥပဒေနဲ့ ပုဒ်မ ၁၆ နဲ့ရဲကစွဲတင်ပါတယ်။ တရားရုံးကို၊ အချုပ်နဲ့ ပို့ပါတယ်။ ဒါပေမယ့် တရားရုံးက မြို့နယ်တရားသူကြီးကနေ နိုင်ငံတော် အလံ အက်ဥပဒေပုဒ်မ ၁၆ နဲ့ တရားစွဲဆိုရန်မသင့်လို့ ဥပဒေအကြံပြုချက်ရတဲ့အတွက် ဒီကလေးတွေကို အခုပဲ ပုဒ်မ ၁၆ နဲ့ တရားစွဲဆိုထားတာကနေ တရားရုံးက လွှတ်လိုက်ပါ တယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြောက်ဦးလူငယ် ၈ ဦးကို မြောက်ဦးမြို့နယ် တရားရုံးက လွှတ်ပေးလိုက်ပေမယ့် မြောက်ဦးရဲတပ်ဖွဲ့က ဆက်လက်လုပ်ကိုင်စရာ ရှိတယ်ဆိုပြီး မြောက်မြို့နယ်ရဲစခန်းကို ခေါ်ယူသွားတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

လူငယ် ၈ ဦးကို မြောက်ဦးမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားတာနဲ့ပတ်သက်လို့ အကျိုးဆောင်ရှေ့နေတွေ အပါအဝင် ရခိုင်အမျိုးသားပါတီ ဥပဒေအထောက်အကူပြု ရှေ့နေ တွေက ဥပဒေအရသက်သာခွင့်ပေးဖို့ ဘယ်လိုရှိမလဲဆိုတာကို မြို့နယ်ရဲစခန်းကို သွားရောက် ညှိနှိုင်းဖို့သွားနေတယ်လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

နောက်ဆုံးသတင်းအရကတော့ မြောက်ဦးလူငယ် ၈ ဦးကို ၁ ယောက် ၅ သိန်းနဲ့ မြောက်မြို့မရဲစခန်းက အာမခံပေးလွှတ်ပေးလိုက်ပြီလို့ အကျိုးဆောင်ရှေ့နေ ဦးထွန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုန်းဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရခိုင်လူငယ် ၈ ဦးကို စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ၂၄ ရက်နေ့က ထောင်ဒဏ် ၈ လစီ အမိန့်ချမှတ်ခဲ့ပါတယ်။

ရခိုင်လူငယ် ၈ ဦးကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ ၈ လနဲ့ ၁ ရက်ပြည့်ပြီးတာကြောင့် ချုပ်ရက်ကို ထုတ်နုတ် ခံစားခွင့်ရကြတဲ့အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ လွတ်မြောက်ခဲ့ တာပါ။ ဒါပေမယ့် သူတို့ ၈ ဦးကို လွတ်မြောက်တဲ့ အဲ့ဒီနေ့မှာပဲ မြန်မာနိုင်ငံအလံ ဥပဒေပုဒ်မ ၁၆ နဲ့ ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ ကျင်းဖို့လုပ်ထားတဲ့ ၂၃၃နှစ် မြောက်ရက္ခိုင့်ဘုရင်နိုင်ငံ အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအခမ်းအနားကို အာဏာပိုင်တွေတားမြစ်ရာမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ရာမှာ ၇ ဦးသေဆုံးခဲ့ပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013