DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုတွင် မိုးကြီးနိုင်
DVB
·
October 9, 2018
မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုတွင် မိုးကြီးနိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိပေမယ့် မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်တိုင်း ၈ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression) ဟာ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ရဲ့ အရှေ့တောင်ဘက် မိုင် ၃၁၀ လောက်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ရဲ့ အရှေ့တောင်ဘက် မိုင် ၂၈၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့  အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းရဲ့ အရှိန်ကြောင့် အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့  ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလ သတင်းမှာ ဖော်ပြပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တယ်။

လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင် တို့မှာ ကိုးပေကနေ ၁၂ ပေခန့်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေကနေ ၉ ပေခန့်ရှိနိုင်တယ်။

ဒါ့ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေနဲ့  ကြိုတင်သတိထားကြဖို့ မိုးဇလက နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013