DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ် ၁ စီးမီးလောင်
DVB
·
October 9, 2018
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ် ၁ စီးမီးလောင်
1 / 4
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉/၃ မိုင်အနီးမှာ အောက်တိုဘာ ၈ ရက်နေ့ည ၈ နာရီလောက်က အိမ်စီးကားတစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ပြည်သစ်နိုင် တဦးတည်း မောင်းနှင်လာတဲ့ NISSAN TIIDA အမျိုးအစားယာဉ်ဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာ ကနေ ကားတစီးလုံးကို လောင်ကျွမ်းခဲ့တာပါ။

မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "ကားကနေပြည်တော်ဘ ဘက်ကလာတာ၊ ယာဉ်ပေါ်မှာလည်း တယောက်တည်းပါတယ်။ ဝါယာရှော့ဖြစ်ပြီး လောင်တာပါ။ လူကို ထိခိုက်တာတော့ မရှိပါဘူး။ ကားကတော့ ၁ စီးလုံး လောင်သွားတယ်။ လက်ရှိမှာတော့ ယာဉ်မောင်းကို အရေးယူမှုတွေ ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ပြည်သစ်နိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ နဲ့ မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013