DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့ ကျွန်းတဲစု အမက ကျောင်း ကလေးငယ်များ စာသင်ကြားရေး အခက်ကြုံ
DVB
·
October 9, 2018
ရွှေကျင်မြို့ ကျွန်းတဲစု အမက ကျောင်း ကလေးငယ်များ စာသင်ကြားရေး အခက်ကြုံ
1 / 6
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ထောင်လောင်ကျေးရွာအုပ်စု ကျွန်းတဲစု အ.မ.က ကျောင်း ပျက်စီးနေသလို နေရာကျဉ်းမြောင်းမှုကြောင့် ကလေးငယ်တွေ စာသင်ကြားရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းပလွဲကျေးရွာ အ.မ.က ကျောင်းကို သွားရောက်စာသင်ကြားရာမှာ ခရီးဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ၂၀၁၄ ခုနှစ်ကစပြီး ထောင်လောင်ကျေးရွာရဲ့ အမက (ခွဲ) ကျောင်းအဖြစ် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျွန်းတဲစုအ.မ.က ကျောင်းအဖြစ် တိုးမြှင့်ခံခဲ့ရတာပါ။

ကျွန်းတဲစု အမကကျောင်းဟာ ပေ ၃၀ × ၂၀ သွပ်မိုးထရံကာ ကျောင်းဆောင်ဖြစ်ပြီး ပညာရေးဌာနက ချထားပေးတဲ့ ဆရာ ၃ ဦးနဲ့ ကျောင်းသူကျောင်းသား ၄၀ နီးပါကို နေရာကျဉ်းမြောင်းတာကြောင့် အခန်းမခွဲနိုင်ဘဲ စုပေါင်းပြီး စာသင်ကြားနေရတာပါ။

ခုအချိန်မှာ စာသင်ကျောင်းဆောင်ဟာ ကျောင်းထရံတွေ ကွာကျလာတာကြောင့် ပလတ်စတစ်မိုးကာတွေနဲ့ ကာရံထားရသလို အောက်ခြေတိုင်တွေ ပျက်စီးလာတာကြောင့် ကျောင်းဆောင်ပြိုကျပြီး ဆရာမတွေနဲ့ ကလေးတွေ အန္တရာယ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

“ကျောင်းဆောင်ကသေးနေတော့ အခန်းကမရှိဘူး။ KG ကနေ စတုတ္ထတန်းထိကို အကုန်စုပြီး စာသင်နေရတော့ ဆူညံသံတွေနဲ့ မထိရောက်ဘူးဖြစ်နေတယ်။ ကျောင်းသစ်သားတိုင်တွေ အကုန်နီးပါးက အောက်ခြေပျက်ခါနီးဆိုတော့ လေဟဲ့မိုးဟဲ့ဆိုတာနဲ့ ကျောင်းဆောင်ပြိုကျမှာကို ကြောက်ပြီး စာသင်ချိန်တွေ ရပ်နားထားရတယ်။ ဆရာမတွေနဲ့ ကလေးတွေအန္တရာယ်ဖြစ်မှာ စိုးရိမ်ရလို့ မိုးအရမ်းရွာတာနဲ့ စာသင်တာရပ်ပြီး အိမ်ပြန်ခေါ်ကြတယ်” လို့ ကျောင်းကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေက ပြောပါတယ်။

ကျွန်းတဲ့စုကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်လောက်သာရှိပြီး ရေကြီးကွင်းတွေ များတာကြောင့် နွေစပါးနဲ့ ဆောင်းသီးနှံကို အဓိကထားလုပ်ကိုင်နေကြပြီး စီးပွားရေးအဆင်မပြေမှုတွေကြောင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်နိုင်ဖို့ အခက်အခဲကြုံနေပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျောင်းဆောင်သစ် ချထားပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013