DVB Logo
Home
မြန်မာသတင်း
Miss Grand International 2018 ပြိုင်ပွဲကို မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်
DVB
·
October 8, 2018
Miss Grand International 2018 ပြိုင်ပွဲကို မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်
1 / 3
Donate to DVB

Miss Grand International 2018 ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ်မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာအပါအဝင် ထိုင်း၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၈၀ က အလှမယ်တွေက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Miss Grand International ပြိုင်ပွဲက ၆ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာတော့ ထိုင်းနိုင်ငံမှာကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ Las Vegas နဲ့ ၂၀၁၇ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တာပါ။

စစ်ပွဲနဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ခေါင်းစဉ်နဲ့ ကျင်းပနေတဲ့ Miss Grand International ပြိုင်ပွဲတွေမှာ ပေါ်တိုရီအလှမယ်၊ သြစတြေးလျ အလှမယ်၊ အင်ဒိုနီးရှား အလှမယ်နဲ့ ပီရူးအလှမယ်တို့က အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု အေးချမ်းမိုးက ယှဉ်ပြိင်ခဲ့တာပါ။

Miss Grand International 2018 ပြိုင်ပွဲကိုတော့ မြန်မာကိုယ်စာပြု အလှမယ် ဆုမြတ်ဖူးက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲတွေကိုတော့ အောက်တိုဘာ ၂၀ ရက်နေ့ ကော့သောင်းမှာ ရေကူးဝန်စုံပြိုင်ပွဲ ၊ ၂၃ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ The One Entertainment Park အကြိုပြိုင်ပွဲနဲ့ အောက်တိုဘာ ၂၅ ရက်နေ့ Grand Final Competition ပွဲကို The One Entertainment Park မှာပဲ ကျင်းပ သွားမှာဖြစ်ပါတယ်။

ဓာတ်ပုံ - မြို့တော်ဝန် ဦးမောင်မောင်စိုး ဖေ့ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013