DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ
DVB
·
October 8, 2018
လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်တွေအရ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူ (Gopalpur) မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၅၀ လောက်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingpatinam) ရဲ့ အရှေ့တောင်ဘက် မိုင် ၄၃၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် ဦးတည် ရွေ့လျားမယ့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ် အရှိန်ကြောင့် အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် နေရာ ကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်တွေ ကျရောက်ပြီး၊ လှိုင်းကြီးမှာဖြစ်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။

မြန်မာ့ ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့မှာ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေလောက်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၆ ပေမှ ၉ ပေလောက် ရှိနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေအနေဖြင့် ကြိုတင်သတိပြုကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013