DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှစ် ၂၀ စီမံကိန်း မိတ်ဆက်
DVB
·
October 8, 2018
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှစ် ၂၀ စီမံကိန်း မိတ်ဆက်
Donate to DVB

နှစ်ပေါင်း ၂၀ စာအတွက်ကြိုတင် ရေးဆွဲထားတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက် က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းဟာ ၂၀၁၆-၁၇ ကနေ ၂၀၃၅-၃၆ ခုနှစ်ထိ နှစ် ၂၀ စီမံကိန်းဖြစ်ပြီး ကာလတို ၅ နှစ်ကို လက်ရှိအစိုးရကာလ (၂၀၁၆-၁၇ ကနေ ၂၀၂၀-၂၁ ထိ)၊ ကာလလတ် ၅ နှစ်ကို (၂၀၂၁-၂၂ ကနေ ၂၀၂၅-၂၆ ထိ)နဲ့ ကာလရှည် ၁၀ နှစ်ကို (၂၀၂၆-၂၇ ကနေ ၂၀၃၅-၃၆) ထိ သုံးပိုင်းခွဲထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက  "စီမံကိန်းစတဲ့ကာလပေါ့ တစ်လ တစ်လ ပျှမ်းမျှ သန်း ၅၀၀ လောက် ၀င်ပါတယ်။ ဒါမနှစ်ကပေါ့။ မနှစ်က ၂၀၁၇-၁၈ အခြေအနေခြုံလိုက်ရင် တနှစ်ကို အနည်းဆုံး သန်း ၅၀၀ လောက်ဝင်တယ်။ ဒီနှစ်က ပြီးခဲ့တဲ့ ကာလတို ၆ လ ဘက်ဂျက်အတွင်းမှာတော့ တလကို ပျှမ်းမျှ သန်း ၃၅၀ လောက် ၀င်ပါတယ်။ ဒီ ၆ လအတွင်း နည်းနည်းတော့ လျော့သွားတယ်ပေါ့။ လျော့ပေမယ့်လည်း လာမယ့် ၅ ဒသမ ၈ ဘီလီယံကိုတော့ လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ပေါ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစတယ် စက်တင်ဘာ ၃၀ မှာ ပြီးပါမယ်၊ အဲအတွင်း မှာ ၅ ဒသမ ၈ ဘီလီယံ လျာထားတယ် ဒါကတော့ ပြည့်သွားမယ်လို့ တွက်ချက်ထားပါတယ်" လို့ ဆိုပါတယ်။

ဒီစီမံကိန်းကနေ လက်ရှိအစိုးရကာလ ကာလတိုအတွင်း တနှစ်ကို  ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ၂၀၁၆-၁၇ ကနေ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ထိ နှစ်စဉ် ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ) ရအောင် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

၂၀၂၁-၂၂ ကနေ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဒ သမ ၅ ဘီလီယံ၊ ၂၀၂၆-၂၇ ကနေ ၂၀၃၀-၃၁ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံနဲ့ ၂၀၃၁-၂၀၃၂ ကနေ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်ထိ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ အသီးသီးရဖို့ ခန့်မှန်းထားပါတယ်။

ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်တဲ့ မူဝါဒတွေနဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့အစည်း တည်ထောင်ခြင်း လုပ်ငန်းစဉ်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်၊ စီးပွားရေးနဲ့ဆက်စပ်တဲ့ အထောက်အကူဆိုင်ရာ လုပ်ငန်းစဉ်၊ ပြည်တွင်း စက်မှုလုပ်ငန်းတွေယှဉ်ပြိုင်နိုင်စွမ်းနဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းစဉ် တို့ပါဝင်ပါတယ်။

စီမံကိန်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ် ၅ ရပ်အတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ လွယ်ကူချောမွေ့စေရေးကော်မတီနဲ့ လုပ်ငန်းကော်မတီ ၅ ဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်သွားဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013