DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 8, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၄၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၃၅၀  ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၀၀၀၀ ကနေ ၅၆၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၂၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ပဲလွန်းဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၅၄.၂၅ ပိဿာဝင် ၁ အိတ်ကို ၆၄၀၀၀ ကနေ ၇၄၃၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၁၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၅၀၀ ဈေး ကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီ အသစ်က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၄၀၀၀၀ ကနေ ၄၄၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၄၄၄၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးနဲ့ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၂၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၁၄၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၄၅ ပိဿာဝင် ၁ အိတ်ကို ၂၀၀၀၀၀ ကနေ ၂၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၃၂၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၁ အိတ်ကို ၁၄၅၀၀၀ ကနေ ၁၆၂၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၄၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၄၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေး နဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၅၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013