DVB Logo
Home
မြန်မာသတင်း
ကချင်နှင့် ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၈,၀၀၀ ကျော်ရှိ
DVB
·
October 8, 2018
ကချင်နှင့် ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၈,၀၀၀ ကျော်ရှိ
Donate to DVB

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၆၈,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၁၇ ဇန်နဝါရီလကနေ ၂၀၁၈ စက်တင်ဘာလအထိ အဲ့ဒေသက မြို့နယ် ၂၅ မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် အရပ်သားတွေ ပြင်းထန်စွာထိခိုက်ခံစားနေရပြီး နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေဟာ အများအားဖြင့် ကာလတိုဖြစ်ပြီး၊ ဒေသခံလူများစုကတော့ နေရပ်ကို ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်း ပြန်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၂ဝ၁၁ ခုနှစ်က ပြန်လည်စတင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်ရှိ စခန်းတွေနဲ့ ခိုလှုံရာနေရာတွေမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လူဦးရေ ၁ဝ၇,ဝဝဝ ခန့်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ငြိမ်းချမ်းမှု၊ လုံခြုံမှုမရှိတာနဲ့  လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး သွားလာခွင့် ကန့်သတ်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဟာ သူတို့ တို့လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ ရရှိဖို့အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013