DVB Logo
Home
မြန်မာသတင်း
ကလေးစာပေပွဲတော်  မိုးညှင်းမြို့တွင် ကျင်းပ
DVB
·
October 8, 2018
ကလေးစာပေပွဲတော်  မိုးညှင်းမြို့တွင် ကျင်းပ
1 / 9
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ  ကလေးစာပေပွဲတော်ကို အောက်တိုဘာ ၇ ရက် မနက်ကနေစတင်ပြီး ၂ရက်ကြာ ကျင်းပနေပါတယ်။

ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနဲ့  ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း ကျင်းပခဲ့တာပါ။

မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်နန်းမေစုအောင်က “ကလေးတွေစာအုပ်စာပေနဲ့ မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူတွေ ဖြစ်လာစေဖို့၊ စုပေါင်းအလုပ်တွေမှာ ဝိုင်ဝန်း ပါဝင်တတ်တဲ့ အလေ့အထကောင်းတွေရရှိဖို့၊ ပညာဗဟုသုတနဲ့ လူရည်လူသွေးပြည့်ဝပြီး အနာဂတ်တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတွေ ပေါ်ထွက်လာစေဖို့  ရည်ရွယ်ပြီး ကျင်းပပေးတာပါ”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ပွဲတော်မှာ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းဆင့် ပုံပြော ပြိုင်ပွဲ၊ မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းနဲ့ မူလတန်းဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့ ပါဝင်ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်း၊ ကာတွန်းပြခန်း၊ 3D ပြခန်း၊ ကလေးစာပေပြခန်း၊ ကျောင်းပြခန်းတွေလည်း ပါဝင်ပြသထားတာ တွေ့ရပါတယ်။

ပျော်ပွဲရွှင်ပွဲများအနေနဲ့ KG တန်းအတွက် မုန့်စားပြိုင်ပွဲ၊ မူလတန်းအတွက် ပူးပေါင်းဖောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အလယ်တန်းဆင့်တွက် ပုံဆက် ပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲ၊ အလွတ်တန်းတွက် သံပုံးရိုက်၊ သံဗူးပေါက် စတဲ့ ကစားနည်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သတင်း - ခင်သန်းညွှန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013