DVB Logo
Home
မြန်မာသတင်း
ပြည်နယ်များတွင် လွှတ်တော်အမတ်များအပေါ် လူထုအားရကျေနပ်မှုနည်းပါး
DVB
·
October 7, 2018
ပြည်နယ်များတွင် လွှတ်တော်အမတ်များအပေါ် လူထုအားရကျေနပ်မှုနည်းပါး
1 / 3
Donate to DVB

ဒေသဆိုင်ရာ ပြဿနာတွေအပေါ် အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ပြည်နယ်တွေမှာ နေထိုင်သူတွေက သဘောမကျသလို လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အားရကျေနပ်မှု နည်းပါးတယ်လို့  စစ်တမ်းတခုမှာ ဖြေဆိုထားကြပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က တနိုင်ငံလုံးနီးပါးက မြို့တွေကို ကွင်းဆင်းကောက်ယူ ထားတဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။

ဒေသမှာရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတာကို  ပြည်နယ်တွေမှာ နေထိုင်သူတွေရဲ့ ၃၅ ရာခိုင်နှုန်းက သဘောမတူကြပဲ ၁၆ ရာခိုင်နှုန်းကပဲ လက်ခံ သဘောတူတာကို တွေ့ရပါတယ်။

တိုင်းတွေမှာ နေထိုင်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းကလည်း ဒီအချက်ကို သဘောမတူကြ ပေမယ့် ၃၅ ရာခိုင်နှုန်းကတော့ လက်ခံသဘောတူကြပါတယ်။

တခြားမေးခွန်းတွေမှာတော့ တိုင်းတွေနဲ့ မြို့ပြမှာ နေထိုင်ကြသူတွေက ကုန်ဈေးနှုန်းနဲ့ နေထိုင်စရိတ်ကို အရေးကြီးတဲ့ ပြဿနာတခုအဖြစ်ဖြေဆိုကြပြီး ပြည်နယ်နဲ့ ကျေးလက်မှာ နေထိုင်ကြသူတွေကတော့ ပညာရေးကို အရေးကြီးတဲ့ ပြဿနာတခုအဖြစ်ဖြေဆို ထားကြပါတယ်။

ဒေသဆိုင်ရာအဆင့်အရေးအကြီးဆုံး ပြဿနာတွေကတော့ အစိုးရရဲ့ ဝန်ဆောင်မှုနဲ့ အခြေခံ အဆောက်အအုံ လမ်းတံတားတွေဖြစ်တယ်လို့ ဆိုပါတယ်။ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ပြည်နယ်မှာ နေထိုင်သူ ၃၇ ရာခိုင်နှုန်းက ဖြေဆိုကြပါတယ်။

ဒါ့အပြင် ပြည်နယ်တွေမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ် အပေါ်မှာလည်း ကျေနပ်အားရတာ နည်းပါးတာကို တွေ့ရပါတယ်။ ကိုယ်စားလှယ်တွေ လွှတ်တော်မှာပါဝင်ဆွေးနွေးတာကို ကောင်းပါတယ်လို့ ဖြေဆိုသူဟာ တိုင်းတွေမှာ ၂၆ ရာခိုင်နှုန်း ရှိပေမယ့် ပြည်နယ်တွေမှာတော့ ၁၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဥပဒေကြမ်း တင်သွင်းတဲ့အပေါ်မှာလည်း တိုင်းမှာနေထိုင်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းက ကောင်းပါတယ် လို့ ဖြေကြပေမယ့် ပြည်နယ်မှာ နေထိုင်သူတွေကတော့ အဲဒီရဲ့ တဝက် ၁၀ ရာခိုင်နှုန်းကပဲ ကျေနပ်တာကို တွေ့ရပါတယ်။

တခြားမေးခွန်းတွေဖြစ်တဲ့ အုပ်ချုပ်ရေး ကဏ္ဍကို မေးခွန်းထုတ်တာ၊ တခြားပါတီက အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ မဲဆန္ဒနယ်ကို သွားရောက်တာ၊ မဲဆန္ဒနယ် ဖွံ့ဖြိုးရေး ဆောင်ရွက်တာ စတဲ့ မေးခွန်းတွေမှာလည်း တိုင်းတွေမှာ နေထိုင်သူတွေထက် ပြည်နယ်မှာ နေထိုင်သူတွေက သိသိသာသာကို မကျေနပ်ကြတာ တွေ့ရပါတယ်။

ဒါပေမယ့် တိုင်းနဲ့ ပြည်နယ်မှာ နေထိုင်တဲ့ ဖြေဆိုသူအားလုံးက လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဆိုင်ရာ ပြဿနာတွေကို ပိုပြီးနားလည်အောင်လုပ်ဖို့ လိုတယ်လို့ ဖြေရာမှာတော့ တူညီကြ ပါတယ်။

ပြီးတော့ ဖြေဆိုသူတွေရဲ့ ၃၉ ရာခိုင်နှုန်းက ဒေသနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ပိုကောင်းအောင် လုပ်ဖို့ လိုတယ်လို့ ဆိုကြပြီး ၁၅ ရာခိုင်နှုန်းကတော့ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေ လုပ်ဖို့ လိုတယ်လို့ ဖြေကြပါတယ်။

ဒီစစ်တမ်းဟာ မြို့နယ်ပေါင်း ၂၅၄ ခုက လူပေါင်း ၃၀၀၀ လောက်ကို တွေ့ဆုံမေးမြန်း ကောက်ယူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013