DVB Logo
Home
မြန်မာသတင်း
အာဇာနည်ခေါင်းဆောင် သခင်မြ မွေးနေ့အထိမ်းအမှတ်ပွဲ ဇာတိ ထုံးဘိုမြို့တွင်ကျင်းပ
DVB
·
October 7, 2018
အာဇာနည်ခေါင်းဆောင် သခင်မြ မွေးနေ့အထိမ်းအမှတ်ပွဲ ဇာတိ ထုံးဘိုမြို့တွင်ကျင်းပ
Donate to DVB

အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့  သခင်မြရဲ့ အသက် ၁၂၁ နှစ်မြောက်မွေးနေ့ကို သူမွေးဖွားရာ ဇာတိဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ထုံးဘိုမြို့မှာ ဒီကနေ့မနက်  ကျင်းပပါတယ်။

သခင်မြရဲ့ မွေးနေ့ပွဲမှာ ထုံးဘိုမြို့က ဒေသခံဆရာတော် ၅ ပါးကိုပင့်ဖိတ်ပြီး ကောင်းမှု ကုသိုလ်ပြုလုပ်ခဲ့သလို တက်ရောက်လာသူတွေနဲ့ ကျောင်းသားတွေက ကဗျာရွတ်ဆိုတာ၊ စာတမ်းဖတ်နဲ့ သခင်မြနဲ့ပတ်သတ်တဲ့ အကြောင်း အရာတွေကို အမှတ်တရ ပြောဆိုခဲ့ပါတယ်။

ထုံးဘိုမြို့ရဲ့ အဓိကလမ်းမကြီးကို  သခင်မြလမ်းလို့ ဂုဏ်ပြု အမည်ပေးထားသလို ဒီလမ်းပေါ်မှာ သခင်မြရဲ့ ပုံတူရုပ်တုတခုကိုလည်း ဒေသခံတွေက အမှတ်တရ ထုလုပ်ထား ပါတယ်။

ဒါပေမယ့် သူမွေးဖွားခဲ့တဲ့ နေအိမ်ကတော့ စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေး တွေက သိမ်းယူပြီး ရောင်းစားထားလိုက်တဲ့အတွက် ပြသ စရာမရှိတော့ဘူးလို့ ပွဲစီစဉ်သူ ဥသျှစ်ပင်လူငယ်ကွန်ယက်အဖွဲ့က ကိုနန္ဒာအောင်က ပြောပါတယ်။

အာဇာနည် သခင်မြဟာ ထုံးဘိုမြို့ ကမ်းနားလမ်းမှာ မွေးဖွားခဲ့ပြီး စတုထ္ထတန်းအထိ ဒီမြို့မှာပညာသင်ကြား နေထိုင်ခဲ့ပါတယ်။ ဒီနောက်သာယာဝတီမြို့ကို ပြောင်းရွေ့ ၇ တန်းအထိ ပညာသင်ယူခဲ့ပြီး ရန်ကုန်ကို ထပ်မံ ပြောင်းရွှေ့ကာ  ၁၀ တန်း အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက် BL ဝတ်လုံဘွဲ့ရရှိခဲ့ပြီး ဆရာစံသူပုန်တပ်ဖွဲ့အတွက် အခမဲ့ ရှေ့နေ လိုက်ပေးရင်းနဲ့ နိုင်ငံရေးလောကထဲကိုရောက်ရှိခဲ့တာပါ။

သခင်မြဟာ ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ရင်း ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်တွေနဲ့အတူ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရတာပါ။

ဒီနေ့ကျင်းပတဲ့ သခင်မြ မွေးနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်တွေကိုလည်း သူရဲ့ရုပ်တုရှေ့မှာ ဒေသခံတွေက သွားရောက် အလေးပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013