DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် မြို့တွင်းနှင့် အဝေးပြေးကားခများ စတင်မြင့်တက်
DVB
·
October 7, 2018
ပြည်မြို့တွင် မြို့တွင်းနှင့် အဝေးပြေးကားခများ စတင်မြင့်တက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ  မြို့တွင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေရာ တခြားမြို့တွေကို ပြေးဆွဲနေတဲ့အဝေးပြေးယာဉ်တွေပါ ကားခတွေ မြင့်တက်လိုက်ပြီဖြစ်ပါတယ်။

ဓာတ်ဆီဈေးတွေ တက်နေတာကြောင့် ကားလိုင်းတွေ အရှုံးပေါ်တာကြောင့် နဂိုဈေးထက်  ကျပ်ငွေ ၁၀၀၀ တရားဝင် စေျးတက်သွားတာလို့ ပြည်-မြန်အောင်-နေပြည်တော် ပြေးဆွဲတဲ့ နယူးဧရာသစ္စာ  ကားဂိတ်မှူး ဦးမြင့်သန်းကပြောပါတယ်။

ရန်ကုန်-ပြည် ပြေးဆွဲနေတဲ့ယာဉ်တွေ တနေ့ကို ငွေကျပ် ၅၀၀၀၀ သောင်းဖိုးလောက် အရှုံးပေါ်နေတာကြောင့် ကျပ် ၅၀၀၀ ကနေ ၆၀၀၀ အထိ တိုးလိုက်တယ်လို့လည်း  အာရှဂိတ်မှူး ဦးစိုးမိုးအောင်ကပြောပါတယ်။

ပြည်မြို့ထဲကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကတော့ နဂို ယာဉ်စီးခက ကျပ် ၂၀၀ ကနေ ၃၀၀ ကို စတင်တိုးမြှင့် ကောက်ခံနေပြီလို့ မြို့တွင်းယာဉ်လိုင်း တာဝန်ရှိသူက ပြောပါတယ်။

ခုလိုငွေပိုတောင်းခံမှုနဲ့ ပတ်သက်ပြီးတော့ ပြည်ခရိုင်ယာဉ်လုပ်ငန်းတွေ ကြီးကြပ်မှုကော်မတီကို တရားဝင်စာတင်ထားတာတော့ မရှိသေးဘူးလို့ ကော်မတီ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးသက်ဦးကပြောပါတယ်။

ပြည်မြို့ကနေ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေကို တိုက်ရိုက်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၆၀ ကျော်ရှိပြီး  မြို့တွင်းပတ်ယာဉ်လိုင်းတွေကတော့ ၅ လိုင်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013