DVB Logo
Home
မြန်မာသတင်း
ဖုယွင်အထည်ချုပ် အလုပ်သမားများ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြ
DVB
·
October 7, 2018
ဖုယွင်အထည်ချုပ် အလုပ်သမားများ ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ဆန္ဒပြ
Donate to DVB

ရက်ပေါင်း ၅၀ နီးပါးကြာလာပြီဖြစ်တဲ့ ဖုယွင် အလုပ်သမားသပိတ်ကို အစိုးရတာဝန်ရှိသူ တွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ဝန်းရံ တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမား ၁၀၀ လောက်က  ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လာရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ခွင့်ပြုချက် မတင်ခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဆန္ဒပြပွဲကို လာရောက်တားမြစ်ခဲ့ ပေမယ့် လုပ်သမားတွေက ကြွေးကြော်သံတွေ အော်ဟစ်၊ ဟောပြော၊ စုဝေး လှည့်လည်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ၊ ဖုယွင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀ ကို အကြောင်းပြချက်မရှိဘဲ အလုပ်ကနေ  သြဂုတ် ၂၀ရက်နေ့မှာ ထုတ်ပယ်ခဲ့ပါတယ်။

အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမား၂၀၀ လောက်ဟာ သြဂုတ် ၂၁ရက်ကစပြီး စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာပါ။

ဒီကိစ္စကို အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေက အကြိမ်ကြိမ်တွေ့ ဆုံညှိနှိုင်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ခေါ်ယူတွေ့ ဆုံခဲ့ပေမယ့် အခုထိပြေလည်မှု မရသေးပါဘူး။

ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဟာ အခုဆိုရင် ၄၈ရက်ကြာရှိနေပြီဖြစ်ပြီး ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၉၀၀ လောက် အလုပ်လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013