DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေးပေးထားမှု ပြန်ရုပ်သိမ်းရန် အီးယူးစဉ်းစားနေ
DVB
·
October 7, 2018
မြန်မာအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေးပေးထားမှု ပြန်ရုပ်သိမ်းရန် အီးယူးစဉ်းစားနေ
Donate to DVB

မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို ပြန်ရုပ်သိမ်းနိုင်မလား ဆိုတာကို လေ့လာဖို့အတွက် အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွှတ်သွားမယ်လို့ အီးယူရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲ စစ်ဆဲလီရာ မန်စထရောင်က ပြောပါတယ်။

အီးယူရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြီးအကဲက သြစတြီးယားနိုင်ငံမှာ အောက်တိုဘာ ၅ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ပြောဆိုသွားတာပါ။

စစ်လက်နက်ပစ္စည်းတွေကလွဲပြီး တခြားကုန်ပစ္စည်းတွေကို အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီ အခွန်လွတ်တင်သွင်းခွင့်ရထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်နေပါတယ်။

ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိရင်တော့ အဲဒီအခွင့်အရေးကို ပြန်လည် ရုပ်သိမ်းနိုင်ခွင့်ရှိတယ်လို့ အီးယူ ကုန်သွယ်ရေး အကြီးအကဲက ပြောပါတယ်။

“မြေပြင် အခြေအနေတွေကို လေ့လာဖို့အတွက် အီးယူရဲ့အချက်အလက် ရှာဖွေရေးအဖွဲ့ တဖွဲ့လာမယ့် ရက်တွေအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်ဆိုတာကို မြန်မာအာဏာပိုင်တွေကို အသိပေးထားပါတယ်။ အဲဒီအဖွဲ့က လက်နက်ကလွဲလို့ ပေးထားတဲ့ ကုန်သွယ်ရေးအထူးအခွင့်ရေးတွေကို ပြန်ရုပ်သိမ်းနိုင်မလားဆိုတဲ့ အလားအလာတွေကို ဆန်းစစ်သွားမှာပါ။ ဒါတွေ ဖြစ်လာတာကတော့ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်ပါတယ်”

ရခိုင်ပြည်နယ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေဖြစ်ခဲ့တယ်ဆိုပြီး ဥရောပအခြေစိုက် ကုမ္ပဏီတချို့က မြန်မာနဲ့စီးပွားရေးမလုပ်ဘဲ ဖြတ်တောက်ထားပါတယ်။

မြန်မာနဲ့ အီးယူအကြား ကုန်သွယ်မှုမှာ ၇၅ ရာခိုင်နှုန်းလောက်က အထည်ချုပ် လုပ်ငန်းတွေ ဖြစ်ပြီး အလုပ်သမား ၅ သိန်းခွဲလောက် လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အီးယူနိုင်ငံတွေဆီကို မနှစ်က သွင်းကုန် တန်ဖိုး ဒေါ်လာ ၁.၈၁ ဘီလီယံ တင်ပို့ထားပါတယ်။

ကမ္ဘောဒီယားနိုင်ငံရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်မှု မရှိဘူးဆိုပြီးတော့ ကုန်သွယ်ရေး အထူးအခွင့်အရေးပေးထားတာကို  ရုပ်သိမ်းကြောင်း အီးယူက ကြေညာထားပြီး နောက်ထပ် ကြေညာမယ့်နိုင်ငံဟာ မြန်မာနိုင်ငံ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ သုံးသပ်ရေးသားနေကြပါတယ်။

မြန်မာပြည်သူ လူထုတွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထိခိုက်နစ်နာစေတာတွေမလုပ်ဖို့ အီးယူ ဥရောပသမဂ္ဂကို အစိုးရက ရှင်းပြနေတယ်လို့ သမ္မတရုံးပြောခွင်ရသူ ဦးဇော်ဌေးက ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013