DVB Logo
Home
မြန်မာသတင်း
မောင်တောရှိ စာသင်ကျောင်းများကို  သြစတြေးလျသံတမန်အဖွဲ့ ကွင်းဆင်းလေ့လာ
DVB
·
October 7, 2018
မောင်တောရှိ စာသင်ကျောင်းများကို  သြစတြေးလျသံတမန်အဖွဲ့ ကွင်းဆင်းလေ့လာ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်​​တောခရိုင်အတွင်း ကမ္ဘာ့ဘဏ်​နဲ့ WFPအဖွဲ့က ထောက်ပံပေးထားတဲ့ စာသင်​ကျောင်းတွေရဲ့ အ​ခြေအ​နေကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး တာဝန်ရှိသူတွေက ကွင်းဆင်းလေ့လာခဲ့ပါတယ်။

သံရုံး ပထမအတွင်းဝန် အက်စ်သာပါရီနဲ့အဖွဲ့ကဟာ အောက်တိုဘာလ ၃ ရက်မှာ မောင်​တောမြို့နယ်​​ရှိ လောင်းဒုံ(နတလ)ရွာ မူလွန်​​ကျောင်း၊ အမှတ်​(၂)မူလွန်ကျောင်းနဲ့ ဘူသီးတောင်မြို့နယ်ရှိ ခထိလှ အ.လ.ကကျောင်းတို့မှာ လက်ရှိ ကျောင်းသားဦး​ရေနဲ့ ကျောင်း​ဆောင်​ လုံလောက်​မှု ရှိ၊မရှိ၊ ​ကျောင်းရဲ့ လိုအပ်​ချက်​၊ အရင်နှစ်​ ​ကျောင်းသားဦး​ရေနဲ့ လက်​ရှိ​ကျောင်းသားဦး​ရေတို့ကို စစ်ဆေးကာ ကျောင်းသားတွေကို သင်​ကြားပြသ​နေတဲ့ အ​ခြေအနေ တွကို လေ့လာစုံစမ်းမေးမြန်းခဲ့ကြပါတယ်။

ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်မိုးက “WFP project ကတော အခုနည်းသွားပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ ကျယ်ပြန့်စွာရှိခဲ့ပါတယ်။ သူတို့ကကျောင်းဆရာတွေကို ဆန်ပေးပြီးခန့်ထားတာရှိသလို မူလတန်းကလေးတန်း ကျောင်းသားတွေကို ဆန်ထောက်ပံ့ပေးတာရှိတွေ ရှိခဲ့ပါတယ်။ အဆောက်အအုံ လှူဒါန်းထား တာကတော့ ၁၀ ဆောင်လောက်ရှိခဲ့ပါတယ်။”လို့ ပြောပါတယ်။

သြစတြေးလျသံတမန်အဖွဲ့ဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ဘူသီးတောင် အောက်တိုဘာ ၃ ရက်နေ့မှာ မောင်တောနဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ ရသေ့တောင်မြို့ရှိ စာသင်ကျောင်းတွေကိုလည်း လေ့လာခဲ့ကြပါတယ်။

သတင်း- ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013