DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကျင်းပမည့်ရက် ကေအန်ယူ ပြန်ညှိနှိုင်းမည်
DVB
·
October 7, 2018
ပုပ္ပါးငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကျင်းပမည့်ရက် ကေအန်ယူ ပြန်ညှိနှိုင်းမည်
Donate to DVB

လာမယ့် အောက်တိုဘာ ၁၅ ရက် ပုပ္ပါးမှာ ကျင်းပယ့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ထောက်ခံပေမယ့် ပိုကောင်းတဲ့ ရလဒ်တွေရဖို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမယ့်ရက်ကို ပြန်ပြီး ညှိနှိုင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ ရက်နဲ့ ၆ ရက်က ပြုလုပ်တဲ့ ကေအန်ယူရဲ့ ဗဟိုအမြဲတမ်းကော်မတီရဲ့ အရေးပေါ် အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာပါ။

ရလဒ်ကောင်းတွေရဖို့အတွက် ပြင်ဆင်တာတွေ ပိုလုပ်ဖို့လိုအပ်နေသေးလို့ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးနိုင်မယ့် နေ့ရက်ကို ပြန်ညှိနှိုင်းမယ်၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့  နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းစဉ်တွေမှာ တစ်ဆို့တာတွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ဆို့နေတဲ့ ကိစ္စတွေထဲမှာ တခုတည်းသော တပ်မတော်ကို လက်ခံဖို့ တောင်းဆိုတဲ့ ကိစ္စ၊ ပြည်ထောင်စုက မခွဲထွက်ရေးနဲ့ ပတ်သက်တဲ့ Package Deal ဆိုင်ရာ အချက် ၂ ခုအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပေါ် မတူတဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာတွေ ပါဝင်ပါတယ်။

လက်ရှိ သဘောတူထားတဲ့ ယန္တရားတွေရဲ့ အဓိက အားနည်းချက်ကို ဖော်ထုတ်ပြီး  ပြင်ဆင်နိုင်ရေးမူတွေချမှတ်ဖို့အတွက် တင်ပြညှိနှိုင်းဖို့ကိုလည်း အဲဒီအစည်းအဝေးက ဆုံးဖြတ်ခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်တဲ့ အခင်းအကျင်းတွေ ဖန်တီးပေးဖို့ လိုတယ်လို့ လည်း ကေအန်ယူက တောင်းဆိုထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) သုံးနှစ်ပြည့် အခမ်းအနားနဲ့ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတွေကို အောက်တိုဘာ ၁၅ရက်နေ့   ပုပ္ပါးမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထား ပါတယ်။

ဒီအခမ်းအနားကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်မှာဖြစ်ပြီး အန်စီအေလက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013