DVB Logo
Home
မြန်မာသတင်း
ဆုတံဆိပ်တချို့ ပြန်ရုပ်သိမ်းခံရမှု ဂရုစိုက်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
October 7, 2018
ဆုတံဆိပ်တချို့ ပြန်ရုပ်သိမ်းခံရမှု ဂရုစိုက်နေမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပေးထားတဲ့  နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆုတံဆိပ်တချို့ ပြန်ရုပ်သိမ်းနေတာနဲ့ ပတ်သက်လို့ အဲဒီ ဆုတံဆိပ်တွေကို  သိပ်ဂရုစိုက်နေမှာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံကို ရောက်ရှိနေတုန်း NHK ဂျပန် သတင်းဌာနဲ့ ရုပ်သံ သီးသန့် မေးမြန်းခန်းတခုမှာ ပြောသွားတာဖြစ်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပြန်ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ တောင်းဆိုတာတွေရှိတဲ့အပေါ်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပယ်ချခဲ့ပါတယ်။

ဒီဆုတွေနဲ့ ဂုဏ်ပြုမှုတွေကို ကျမသိပ်ပြီးတော့ ဂရုစိုက်နေမှာမဟုတ်ဘူး၊ မိတ်ဆွေတွေအနေနဲ့ မိတ်ဆွေတွေရှိသင့်တဲ့အတိုင်း ခိုင်ခိုင်မြဲမြဲမရှိတဲ့အပေါ်  စိတ်မကောင်းဖြစ်မိတယ်၊ ဘာကြောင့်လဲဆိုတော့ ချစ်ကြည်ရင်းနှီးမှုဆိုတာ နားလည်မှုဖြစ်ပြီး အခြေခံအားဖြင့်တော့ ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်သတ်မှတ်တာထက် နားလည်နိုင်ဖို့ ကြိုးစားရမှာပါ။ ဆုတံဆိပ်တွေဆိုတာကတော့ ရလိုက်၊ ပြန်ယူသွားလိုက် ဖြစ်နေမှာပဲလို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက် ခံရတာတွေအပေါ် တားဆီးဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပျက်ကွက်ခဲ့တယ်ဆိုပြီး နိုင်ငံတချို့က ဒေါ်အောင်ဆန်းစုကြည်ကို  ပေးထားတဲ့ ဆုတချို့ပြန်ရုပ်သိမ်းခဲ့တာပါ။

ကနေဒါနိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို  ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ရခိုင်အရေးကိစ္စ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာတပြည်လုံး အခြေအနေတွေ သိဖို့ မပြောနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာအပေါ် သိရှိသူ နည်းပါးပါတယ်။ အခုအချိန်မှာ အရာရာကို အမြန်ပြီးအောင် လုပ်ချင်နေကြပါတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ရှေရည်အတွက်ပါ ကြည့်ရတယ်”လို့ ပြောသွားပါတယ်။

ရိုက်တာသတင်းထောက် နှစ်ယောက် အမှုနဲ့ ပက်သက်လို့တော့ အဲဒီအမှု တရားဥပဒေအရ အယူခံဝင်နိုင်မှာ ဖြစ်ပြီး စာနယ်ဇင်း လွတ်လွပ်ခွင့် ပြဿနာ မဟုတ်ဘူး၊ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတော်လေးရှိတယ်လို့လည်း  ပြောသွားပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013